www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ပလန ဒုက္ခသည်စခန်း မီးလောင် Sunday, February 08, 2015

ပလန ဒုက္ခသည်စခန်း မီးလောင်

မြစ်ကြီးနားမြို့ ပလနကျေးရွာ ကျောင်းကုန်းရပ်ကွက်ရှိ ဒုက္ခသည်စခန်းဆောင် ၆ဆောင် ဖေေ ဖ်ာဝါရီ ၇ ရက်နေ့မနက် ၄း၀၀နာရီ အချိန်ခန့်တွင် မီးလောင်သွားခဲ့ကြောင်းသတင်းရရှိသည်။
မီးလောင်သွားသည့်အဆောင် ၆ဆောင်မှာ လူနေဆောင် ၃ဆောင်နှင့် မီးဖိုချောင်အဆောင် ၃ဆောင်တို့ဖြစ် သည်။သို့သော် မည်သည့်နေရာမှစလောင်ခြင်းအား မသိရှိရကြောင်း နှင့် မီးဖိုချောင်အဆောင်မှ စလောင် နိုင်ခြင်း ဖြစ်ကြောင်း ဒုက္ခသည်စခန်းတာဝန်ခံမှ သုံးသပ်ပြောကြားသည်။
“ ဘယ်နေရာကနေစလောင်တာကိုတော့ အတိအကျ မပြောနိုင်ဘူး ဒါပေမယ့် မီးဖိုချောင်ကနေတော့ဖြစ်နိုင် တယ်” ဟုစခန်းတာဝန်ခံမှဆိုသည်။
ထိုသို့မီးလောင်သည်မှာ ၁၅ မိနစ်သာကြာမြင့်သဖြင့် ဒုက္ခသည်များ၏ အဝတ်အထည် အသုံးအဆောင်ပစ္စည်း များအားလုံးဆုံးရှုံးသွားကြောင်းသိရသည်။
“ မီးလောင်နေတော့ ဘာမှကိုမယူလိုက်ရဘူး။ အားလုံးပါသွားပြီ” ဟုဒုက္ခသည်စခန်းတစ်ဦးမှဆိုသည်။
မီးလောင်သွားသော်လည်း လူတစ်ဦးတစ်ယောက်မှ သေဆုံးခြင်း ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်းလည်း သိရသည်။
လူနေဆောင်များ မီးလောင်သွားသဖြင့် ဒုက္ခသည်များနေရန် ယာယီတဲများပြုလုပ်ပေးထားပြီး အဆောင်များ အား မီးလောင်သွားသည့် နေရာအသစ်ပြန်လည်ဆောက်လုပ်သွားရန် ဝန်ကြီးချုပ်မှ ညွှန်ကြားထားကြောင်း သိရသည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်း နှင့် လူမှုရေးဝန်ကြီးဒေါ်ဘောက်ဂျာ၊ ဂရုဏာအဖွဲ့ ကြက်ခြေနီ အဖွဲ့တို့ရောက်ရှိပြီး လိုအပ်သည့် အကူအညီများသွားရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
ပလနကျေးရွာ ကျောင်းကုန်းရပ်ကွက်ရှိ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်လူဦးရေ ၁၉၃ ဦးနေထိုင်လျက်ရှိသည်။
Kachinwaves
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers