www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ကားမိုင်းမြို့အတွင်း မူးယစ်ဆေးဝါးတားဆီးရေးပညာပေးဆိုင်းဘုတ်တင်လှုပ်ရှားမှု Monday, September 08, 2014

ကားမိုင်းမြို့အတွင်း မူးယစ်ဆေးဝါးတားဆီးရေးပညာပေးဆိုင်းဘုတ်တင်လှုပ်ရှားမှု

ကားမိုင်းမြို့တွင် ဘိန်းမဲ၊ ဘိန်းဖြူ နှင့်ဆေးပြား(ရာမ) ရောင်းဝယ်မှုများပြားသောကြောင့် လူငယ်များ၊ အိမ်ထောင်သည်အမျိုးသားများ မူးယစ်ဆေးဝါး၏ ကျေးကျွန်ဖြစ်နေ၍ အိမ်ထောင်ရေးပြဿနာ၊ လူမှုစီးပွားရေးပြဿနာ၊ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပြသနာ၊ ကျန်းမာရေး ပြသနာ၊ ပညာရေးပြသနာ အမျိုးမျိုးကြုံတွေ့နေရပါသည်။ သို့ဖြစ်ပါေ၍ ကားမိုင်းမြို့အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်ကြသောေ ဂ်ါရီကျေးရွာအုပ်စု၊ ကောင်ရာကျေးရွာအုပ်စု၊ နန့်စီးအင်းကျေးရွာအုပ်စု၊ ကထန်ယန်ကျေးရွာအုပ်စု၊ နန့်ယားကျေးရွာအုပ်စု၊ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ ဆိုင်းဖရော်ကျေးရွာအုပ်စုရှိ ရွာပေါင်း (၁၀) ကျော် ဖြစ်သော ဂေါ်ရီကျေးရွာမှ နန့်တိန့်ကျေးရွာအထိ၊ ဖားကန့်လမ်းတစ်လျှောက် ခရစ်ယာန်အသင်းတော်ဘုရားကျောင်းဝင်၌ မူးယစ်ဆေးဝါးတားဆီးရေးပညာပေးဆိုင်းဘုတ် (Drug Awarness poster Campaign) Vinyl (၆၀) ကို စိုက်ထူထားကြပါသည်။ ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်းတွင်လည်း မူးယစ်ဆေးဝါး တားဆီးရေးကော်မတီများ အခိုင်အမာဖွင့်လှစ်ခြင်းကို ၂လည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၁.၉.၂၀၁၄ (တနင်္လာနေ့) နံနက်(၈း၀၀) နာရီမှ ညနေ(၄း၀၀) နာရီအထိေ ကာင်ရာကျေးရွာအုပ်စုရှိ မူးယစ်ဆေးဝါးတားဆီးရေးကော်မတီများ ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ရွာလူကြီးများပါဝင်၍ တစ်အိမ်တက်ဆင်း အကြံပေး၊ ပညာပေးပြုလုပ်ခဲ့ကြောင်း၊ တစ်အိမ်တက်ဆင်း
ပညာပေးအစီအစဉ်ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလကုန်အထိ ပြုလုပ်သွားဖြစ်ကြောင်း သိရှိရပါသည်။ တစ်ချို့ မူးယစ်ဆေးဝါးသုံးစွဲသူများသည် မိမိကိုယ်ကို ကြိုးစား၍ ဘိန်းဖြတ်မည်ဟု ကတိခံဝန်ကြပြီး၊  ယခုအချိန်တွင် မူးယစ်စဆေးဝါးသံးစွဲ၍ ဘိန်းဖြတ်ရန်အတွက် KBC Mungkan Ninghtoi ကျောင်း၌ (၂)ဦး၊
မြစ်ဆုံအောင်မြင်သာ ကတ်သလစ်ဘုန်းတော်ကြီးဦးဆောင်၍ ဖွင့်လှစ်ထားသောေ ကျာင်း၌ (၄)ဦး စေလွှတ်ထားကြပါသည်။ ဆက်လက်၍ ဘိန်းဖြတ်လိုသူများကိုလည်း ကူညီသွားကြမည်း ဖြစ်ကြောင်းနျင့်၊ မူးယစ်ဆေးဝါးရောင်းဝယ်ူသူများကိုလည်း အသိပေးခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers