www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
တပ်မ (၁၁) မှ အမျိုးသမီးများကို မိုင်းရှင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား Friday, May 16, 2014

တပ်မ (၁၁) မှ အမျိုးသမီးများကို မိုင်းရှင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

ကေအိုင်အိုအစိုးရ ရှမ်းပြည် အခြေစိုက် ကေအိုင်အေ တပ်မဟာ (၄) အုပ်ချုပ်နယ်မြေသို့ ဗမာအစိုးရ တပ်မ (၁၁) သည် စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ တပ်ရင်း (၃၈) သေဒဖြစ်သော မုံကူနယ် ထိန်ရခက် Htingra Hkyet ဘက်သို့ မေလ (၁၆) ရက်နေ့ မနက် (၉း၀၀) နာရီအချိန်တွင် ဗမာစစ်တပ်မှ ထိုးစစ်ဆင် ၀င်ရောက်လာပြီး ကျေးရွာရှိ အမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။ အမျိုးသမီးများကို ဤသို့ခေါ်ဆောင်သွားပြီး ကေအိုအေ တပ်ရင်း (၃၈) သို့ ထိုးစစ်ဆင်ရာ စစ်ကြောင်းရှေ့တွင် မိုင်းရှင်း အဖြစ်ခေါ်ဆောင်သွားတာဖြစ်ကြောင်း၊ ယခုအချိန် ရှေ့တန်းမှ မိုင်းပေါက်ကွဲ သံများ အကြိမ်ကြိမ်ကြားနေရသောကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော အမျိုးသမီးများ၏ မိသားစုများနျှင့် သေဒခံပြည်သူများ စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။ 

ပြီးခဲ့တဲ့အပါတ်က လွယ်လတ်ခ်ကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်သွားသော ကျေးရွာသား များကိုလည်း ယခုအချိန်ထိ လွတ်ပေးခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers