www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ကချင်လူငယ်တစ်ဦးကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် ဘုန်းကြီးများ ရိုက်နက်နှိပ်စက် Saturday, January 04, 2014

ကချင်လူငယ်တစ်ဦးကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် ဘုန်းကြီးများ ရိုက်နက်နှိပ်စက်

နေ့စွဲ။ ။ ဇန်န၀ါရီ (၁) ၂၀၁၄
နေရာ။ ။ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ချောင်းဆုံရွာ၊ ဘုန်းကြီးကျောင်း
အချန်။ ။ ညနေ (၄း၃၀) နာရီ

ဖြစ်ပွားပုံ
တူးဂျာ အမည်ရ ကချင်လူငယ်သည် နှစ်ဆောင်ပြိုင်ရွာရှိ အမေနှင့် ယောက်ဖတွေဆီသွားရောက် နေထိုင်စဉ် ချောင်းဆုံရွာသို့ အသွား လမ်းခုလတ်တွင် ပေါ့အပါးသွားချင်သောကြောင့် ဆိုင်ကယ်ကို လမ်းဘေးတွေ ရပ်ထားပြီး ကားလမ်းအောက်ဘက်တွင် အပေါ့အပါးသွားခဲ့ကြောင်း သိရပါသည်။ ဤသို့ အပေါ့အပါးသွားသည်ကို ဖြတ်သွားဖြတ်လာများအား အရိုအသေ မပေးရာကျသည်ဟု ဘုန်းကြီးနှစ်ပါးနှင့် လူ (၅) ယောက်က တူးဂျာ အပေါ့အပါးသွားပြီး ကားလမ်းသို့ ပြန်တက်အလာတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ကြောင်း သိရှိရသည်။ တူးဂျာက ကချင်ဖြစ်ကြောင်း ဖွင့်ပြောတော့ “စစ်ပြေးဒုက္ခသည်ဟန်ဆောင်ပြီး ထောက်လှမ်းရေးလိုက်လုပ်နေတာလား” ဟုဆိုကာ ၀ိုင်းဝန်း ရိုက်နက်ကြကြောင်း၊ အဲဒီလိုဝိုင်းဝန်းထိုးကြိုတ် ရိုက်နက်ယုံတာမက ချောင်းဆုံးဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားပြီး လူအများရှေ့တွင် တဖန် ဘုန်းကြီးများနှင့် လူများက ကြိမ်လုံးများဖြင့် တူးဂျာကို ဆက်လက်ရိုက်နက်ယုံတာမက ခြေများဖြင့် ကန်ကျောက်ခြင်း၊ လက်တီးများဖြင့် ၀ိုင်းထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ဤသို့ ဗမာဘုန်းကြီးများနှင့် ရွာသားများ၏ ထိုးကြိတ်ရိုက်နက်ခြင်းဒဏ်ကို ညနေ (၄) နာရီခွဲအချိန်မှ ညနေ (၉) နာရီအထိ ခံစားခဲ့ရကြောင်း သိရှိရပါသည်။ 

ဗမာဘုန်းကြီးများနှင့် ရွာသားများ၏ ၀ိုင်းဝန်းနှပ်စက်မှုကြောင့် တူးဂျာသည် ခေါင်းပေါက်ပြဲသွားခြင်း၊ သွားနှစ်ချောင်ကြိုး၊ နံရိုးများကြိုးသွားပြီး တစ်ကိုယ်လုံး သေလုမျောပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ည (၁၀) နာရီခန့်မှ တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယခုလောလောဆယ်တွင် တောင်ငူ ပြည်သူ့ဆေးရုံ၌ အတွင်း လူနာအဖြစ် ဆေးကုခံယူလျက်ရှိကြောင် သိရှိရပါသည်။ 

ယခုကဲ့သို့ အပြစ်မဲ့ ကချင်လူငယ်တစ်ဦးကို ဗမာဘုန်းကြီးများ ဦးဆောင်ပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၌ သေလုမျောပါ ၀ိုင်းဝန်းရိုက်နက်ခြင်းသည် ကချင်တစ်မျိုးသားလုံးကို စော်ကားလိုက်ယုံသာမက၊ ဗုဒ္ဓဘာသာ ဘုန်းကြီးများ၏ အကျင့်သီလကို ဖေါ်ထုတ်ပြသလိုက်ခြင်းဖြစ်ကြောင်း၊ ထို့အတူ ယဉ်ကျေး သိမ်မွေ့လှပါသည်ဆိုသော ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် ပြုလုပ်ခြင်းပင်ဖြစ်ကြောင်း သတင်းပေးပို့လာသူမှ ရင်ဖွင့်ပြောကြားသွားပါသည်။ သတင်းပေးပို့လာသူမှ ကချင်လူငယ်များ သွားသတိ လာသတိရှိကြရန်နှင့် စည်းစည်းလုံးလုံးရှိကြရန် သတိပေး ပြောကြားသွားပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers