www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဦးလရှီးဂမ်အောင်၏ ဆိုင်ကယ်နှင့် ငွေများကို ဗမာရဲများ လုယက်ယူဆောင်သွား Saturday, January 18, 2014

ဦးလရှီးဂမ်အောင်၏ ဆိုင်ကယ်နှင့် ငွေများကို ဗမာရဲများ လုယက်ယူဆောင်သွား

ရှမ်းပြည် မူဆယ်မြို့နှင့် ၁၀၅ မိုင်ကြား ဒန်ခန်ကျေးရွာတွင် ဗမာရဲနှစ်ဦးမှ ဇန်န၀ါရီ (၁၅) ရရက်နေ့တွင် အရပ်သားတစ်ဦးထံမှ ငွေကြေးနှင့် ဆိုင်ကယ် လုယူသွားကြောင်း သတင်းရရှိပါသည်။ ဖြစ်ပုံမှာ ရှမ်းပြည် မုံဘော်ကျေးရွာမှ ဦးလရှီးဂမ်အောင် အသက် (၂၈) သည် ဇန်န၀ါရီ (၁၅) ရက် မနက် (၁၀း၃၀) နာရီအချိန်ခန့်တွင် ဆိုင်ကယ်ဖြင့် မူဆယ်သို့အသွား ဒန်ခန်ကျေးရွာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် နှစ်ဦးမှ တားဆီးပြီး ရွာလမ်းကြားသို့ ခေါ်ဆောင်ပြီး စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ဤသို့ စစ်ဆေးရာ ဦးလရှီးဂမ်အောင်တွင် တရုတ်ငွေ ယွမ် (၆၈၀၀) ကို တွေ့ရှိခဲ့ကြောင်း၊ ဦးလရှီးဂမ်အောင်ထံမှ တရုတ်ငွေများကို တွေ့ရှိသောအခါ ခေါ်ယူစစ်ဆေးသော ရဲနှစ်ဦးမှ ရဲစခန်းတွင်သာ စစ်ဆေးရမည်ပြောဆိုပြီး ခေါ်ယူသွားကြောင်းသိရှိရပါသည်။ ရဲများမှ ဦးလရှီးဂမ်အောင်ကို လိမ်ညာ ခေါ်ဆောင်သွားပြီး လမ်းခုလတ်တွင် ဦးလရှီးဂမ်အောင်အား လမ်းဘေးမြောင်းထဲသို့ ကန်ကြောက် ထည့်လိုက်ပြီး ဦးလရှီးဂမ်းအောင်၏ ဆိုင်ကယ်နှင့် ပိုက်ဆံများကို လုယူသွားကြောင်း သိရှိရပါသည်။ ဦးလရှီးးဂမ်းအောင်သည် အိမ်အသစ်ဆောက်လုပ်နေပြီး အိမ်ဆောက်သော လက်သမားများကို ငွေထုတ်ပေးရန် မူဆယ်သို့ မြန်မာကျပ်ငွေ သွားရောက် လဲလှယ်ရာ လမ်းတွင် ဗမာအစိုးရ ရဲများမှ ယခုလို လုယက်သွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers