www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ရန်နိုးဆော်သည့် ဆိုင်းဘုတ်အား မနောကွင်းရှေ့ စိုက်ထူ Sunday, January 12, 2014

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ရန်နိုးဆော်သည့် ဆိုင်းဘုတ်အား မနောကွင်းရှေ့ စိုက်ထူ

(၆၆) နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် “ဤမြစ်ဆုံအလှသည် ကမ္ဘာတည်သရွှေ့ လှပနိုင်ပါစေ ၀ိုင်းဝန်းကာကွယ်ကြပါစို့” ဆိုသည့် စာတန်းပါသည့် ဆိုင်းဘုတ်အား မြစ်ကြီးနားမြို့ရှိ မနောကွင်းရှေ့တွင် ဒေသခံ မြစ်ဆုံစီမံကိန်းကို မလိုလားသူများစုပေါင်းပြီး စိုက်ထိုခဲ့ကြောင်း သတင်းရရှိသည်။

(၆၆) နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် (၂၀၁၅)အထိ ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းအား နောက်အစိုးရ လက်ထက်တွင်လည်း ဆက်လက်လုပ်ဆောင်မှု မပြုဖို့ အတွက် ပြည်သူများအားလုံး ပူပေါင်းတားမြစ်ရန် နိုးဆော်သည့် အနေနှင့် စိုက်ထိုးခဲ့ခြင်းဖြစ်သည်။

“၆၆ နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသည့် အနေနှင့် အရန်းလှပတဲ့ မြစ်ဆုံပုံကို ကျွန်တော်တို့ ပြခြင်းဖြစ်တယ်။ မြစ်ဆုံကို အလုံးဝိုင်းပြီး ကန့်ကွက်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဆိုင်းဘုတ် ထောင်ခြင်းဖြစ်တယ်။ ’ဟု ဖာသာနော်ဒင့်ကဆိုသည်။

CPI အနေနဲ့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြည်သူတွေအနေနဲ့လည်း ဆန္ဒပြသည့် အထိ ပြုလုပ်ဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ခွင့်ပြုမည့် သူလဲ နောက်နောင်လည်း မရှိတော့ဘူးလို့ ယုံကြည်ထားကြောင်း ဖာသာနော်ဒင့်မှ ဆက်လက်ဆိုသည်။

ကချင်ပြည်နယ်လူမှုအဖွဲ့အစည်းများ နှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများ ကိုမြအေးတို့အဖွဲ့ မြစ်ကြီးနားမြို့ မဒီယာ ဟိုတယ်တွင် ဒီဇင်ဘာ ၁၁ နေ့တွင်တွေ့ဆုံစဉ်လည်း ၂၀၁၅ အကုန်ပြန်လည် ထွက်ပေါ်လာမည့် မြစ်ဆုံစီမံကိန်းအား ဆက်လက်ကန့်ကွက်ရမည်ဖြစ်ပြီး နည်းလမ်းရှာရမည် ဖြစ်ကြောင်းကို ဆွေးနွေးခဲ့ကြသည်။

(၆၆) နှစ်မြောက်ကချင်ပြည်နယ်နေ့ အခမ်းအနားအား မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အစိုးရနှင့် ကချင်နှစ်ခြင်းခရစ်ယာန်လူငယ်များမှ အခမ်းအနားများ အသီးသီးကျင်းပခဲ့ကြသည်။
Kachinwaves 
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers