www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ကေအိုင်အိုအစိုးရမှ (၃) နှစ်အတွင် မူးယစ်ဆေးဝါး တရားခံ (၃၀၀၀) ကျော်ဖမ်းဆီးနိုင် Friday, January 10, 2014

ကေအိုင်အိုအစိုးရမှ (၃) နှစ်အတွင် မူးယစ်ဆေးဝါး တရားခံ (၃၀၀၀) ကျော်ဖမ်းဆီးနိုင်

ကေအိုင်အိုအဖွဲ့အစည်းမှ (၃) နှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် တရားခံ (၃၀၀၀) သုံးထောင်ကျော် ဖမ်းစီးအရေးယူခဲ့ပြီး ဘိန်းစိုက်ခင်းဧကပေါင်း ၁၉၇၆.၄ ဧက ဖျက်ဆီးခဲ့ကြောင်း ကေအိုင်အိုမူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူး ဂမ်ဘာက ဆိုသည်။

ဖမ်းစီးရမည့်သည် တရားခံများနှင့် ဖျက်ဆီးခဲ့သည့် ဘိန်းစိုက်ခင်းများသည် ကေအိုင်အို ဗဟိုဌာန အနီးတ၀ှိက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဖမ်းစီးရမည့်သည့် မူးယစ်ဆေးဝါးသုံးစွဲသူများအား (၆)လ မူးယစ်ဆေးဆေးဝါးတိုက်ဖျက်းရေး စခန်းတွင်ထည့်သွင်းထားပြီး စိုက်ပျိုးရေးနှင့် မွှေးမျိုးရေး ပညာများ သင်ပေးပြီး ကျမ်းစာများသင်ပေးခြင်းဖြင့် ဘိန်းတိုက်ဖျက်ပေးကြောင်းလည်း ဗိုလ်မှူးဂမ်ဘာမှဆိုသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုမူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ပမာဏပေါ်မူတည်၍ ကေအိုင်အိုမှ ထောင်ဒဏ် (၆) လမှ (၃) နှစ်အထိ ပြစ်ဒဏ်ချမှတ်ကြောင်းလည်းရှိသည်။

အစိုးရ ထိန်းချုပ်နယ်မြေများတွင်လည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နှိပ်နှင်းရေး စီမံချက်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင် လုပ်ဆောင်လျှက်ရှိရာ တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ် အတွင်းမှ ဘိန်းစိုက်ခင်းဧက (၄၀၀) ကျော် ဖျက်ဆီးနှိင်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမူပေါင်း (၁၅၀၂) မှုကို အရေးယူနိုင်ခဲ့ပြီး တရားခံ (၂၂၉၉) ဦးကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

‘ဖမ်းဆီးရမည့်သည့် ပမာဏတွေဟာ ၂၀၁၂ ထက်ပိုများလာတယ်။ မူးယစ်ဆေးဝါးကို တာဆီးနှိပ်နှင်းရေး မှာ တိုးမြင့်ပြီးဆောင်ရွက်နေတယ်။ ၀ိုင်မော်မြို့နယ်ရှိ ဘိန်းစိုက်ခင်းများကိုလည်း ဖျက်ဆီးမှု ဆက်လက်လုပ်ဆောင်သွားမယ်။” ဟု ရဲအုပ်ကျော်စိုးလွင် မှဆိုသည်။

ကချင်ပြည်နယ် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှလည်း လုပ်ငန်းများအား တိုးမြင့် ဆောင်ရွက်လျှက်ရှိပြီး ကေအိုင်အိုမှလည်း ကြိုးပန်းဆောင်ရွက်လျှက်ရှိကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရှိရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers