www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ကချင်ပြည်နယ်တွင် လူအခွင့်အရေးနေ့ ဟောပြောပွဲကျင်းပမည် Wednesday, December 04, 2013

ကချင်ပြည်နယ်တွင် လူအခွင့်အရေးနေ့ ဟောပြောပွဲကျင်းပမည်

ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်မည့် နိုင်ငံတကာ လူအခွင့်အရေးနေ့ အခမ်းအနား အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လူအခွင့်အရေးချိုးဖောက် ချိုးဖောက်ခံရမှု အမြင့်ဆုံးဟုဆိုနိုင်သော ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူထု ဟောပြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။

အဆိုပါဟောပြောပွဲအား ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့ မှ ပူပေါင်းပြီး ကချင်ပြည်နယ်မြစ်ကြီးနားမြို့ နောင်နန်းကျမ်းစာသင်ကျောင်းရှိ အေဒီ ၂၀၀၀ ခန်းမဆောင်တွင် ကျင်းပသွားမည်ဖြစ်သည်။

ဟောပြောပွဲနေ့တွင် ကချင်ပြည်နယ်ရှိ အဖွဲ့အစည်းများမှ ပူးပေါင်းပြီး လူ့အခွင့်အရေးဆိုင်ရာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“တချို့ပြည်သူတွေက လူ့အခွင့်အရေးဆိုတဲ့စာလုံးကို ကြောက်နေကြတယ်။ လူအခွင့်အရေး သည် ကြောက်မစရာမဟုတ်ကြောင်း ရှင်းပြချင်တာ။ ပြီးတော့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှု မဖြစ်ပွားအောင် ကာကွယ်စောင့်ရှောက်မှုမှာ လူထုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ အစိုးရတွေ ပိုမိုအဆက်အတွယ်ကောင်းလာပြီး အတူတကွပူး ပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာပါ။” ဟု အဆိုပါအခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကို မုန်ဒန်မှဆိုသည်။

ထိုဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အစိုးရမှ မြန်မာနိုင်ငံငံလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်နာ၊ ၈၈ မျိုးဆက်သစ်ကျောင်းသားအဖွဲ့မှ ကိုမြအေး တို့မှပါဝင်တက်ရောက်ဟောပြောသွားမည်ဖြစ်သည်။

နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ NGO များ၊ လူမူ့အဖွဲ့အစည်းများ၊ မြို့ရပ်မိရပ်ဖများ၊ ဘာသာရေး ခေါင်းဆောင်များ/ စစ်ဘေး ဒုက္ခသည်များနှင့် မြို့ပေါ်ရှိဒေသခံများအားတက်ရောက်မည်ဖြစ်သည်။

၂၀၁3 ခုနှစ် နိုင်ငံတကာဆိုင်ရာ လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်သည် “WORKING FOR YOUR RIGHT'' ဖြစ်သည်။ 

ကိုမြအေးမှ WORKING FOR YOUR RIGHT ခေါင်းစဉ်ဖြင့် အဓိက ဟောပြောသွားမည်ဖြစ်ကြောင်းလည်း ကိုမုန်ဒန်မှဆက်လက်ဆိုသည်။

၂၀၁၂ ခုနှစ် နိုင်ငံတကာဆိုင်ရာ လူ့အခွင့်အရေးနေ့ကို မြစ်ကြီးနားမြို့ မနောကွင်းရှိမဂျွယ်ခန်းမတွင် လူအယောက် ၇၀၀ ကျော်ဖြင့်ကျင်းပခဲ့သည်။ 

သို့သော် ၂၀၁၃ ခုနှစ်တွင် မနော်ကွင်းရှိ မဂျွယ်ခန်းမဆောင်တွင် ကျင်းပရန် ကချင်ပြည်နယ်အစိုးရမှ ခွင့်ပြုမိန့်မရသည့်အတွက် နောင်နန်း ကျမ်းစာသင် ကျောင်းရှိ အေဒီ၂၀၀၀ ခန်းမဆောင်တွင်ကျင်းပသွားမည်ဖြစ်သည်။
Kachinwaves
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers