ဗိုလ်ချုပ်မြင့်စိုးစကားပြန်ပြင်ပြောပါ
နိုဝင်ဘာလ (5) ၇က်နေ့ VOAနဲ့ မေးမြန်းခန်းမှာ ပြောသွားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး၊ မပြင်ရေးဟာ တိုင်းရင်းသားများနဲ့ ဘာမှမဆိုင်ဘူးလို့ပြောသွားခြင်း၏ အဓိပါယ်သည် 2008 ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားများနဲ့ လုံးဝမဆိုင်ပါ၊ တိုင်းရင်းသားများ လိုက်နားစရာလည်းမလိုပါဟု အဓိပါယ်ထွက်နေပါသည်။ အမှန်တကယ်လည်း တိုင်းရင်းသားများရဲ့အရေး ဘာမှအားမခံချက်မပါတဲ့စာအုပ်ဖြစ်တဲ့အတွက် တိုင်းရင်းသား များနဲ့ ဘာမှမဆိုင်တာအမှန်ပါ။ တဆက်ထဲမှာ အခြေခံဥပဒေဟာ လွှတ်တော်နဲ့ပဲဆိုင်တယ်လို့ ပြောသွားပါ တယ်၊ ဒါဟာလည်း လွှတ်တော်ဟာ တိုင်းရင်းသားများနဲ့ လုံးဝမဆိုင်ပါဟု အဓိပါယ်ထွက်နေပါသည်။
ဒီလို မဆင်မခြင်ပြောနေခြင်းသည် သူတို့ပြောပြောနေတဲ့ ဒို့တာဝန်အရေး… သုံးပါးထဲက တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေး ဆိုသည့်အချက်နှင့် ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေပါသဖြင့် တိုင်းပြည်အတွက် အင်မတန် မှစိုးရိမ်စရာဖြစ်နေပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်မြင့်စိုးစကားပြန်ပြင်ပြောပါ။ ဒါမှမဟုတ် ဒို့တာဝန်အရေးသုံးပါးဆို သည့် ကြွေးကြော်သံဆောင်ပုဒ်ဟာ လူကြားကောင်းအောင် သမင်တကာရေးသားထားပြီး ပြောဆိုနေခြင်းလား ဟုသံသယ၀င်စရာဖြစ်နေပါသည်။ လက်ရှိအခြေအနေမှာလည်း ထူနည်း၎င်းပါပဲ။ ဖယ်ဒရယ်ပြည်ထောင်စုတပ် မတော်ဆိုသည့်စကားလုံးဟာ အခြေအနေကို ပိုပြီးရှုပ်ထွေးစေနိုင်သည်ဟုလဲပြောသွားပါသည်။ ဒီတိုင်းပြည်ဟာ ဗမာလူမျိုးတစ်မျိုးတည်း တည်ထောင်ထားသည့်တိုင်းပြည်မဟုတ်ပါ။ ဗမာတိုင်းရင်းသားမဟုတ်သည့် ကျန်တိုင်း ရင်းသားများအားလုံး ပါဝင်တည်ဆောက်ထားခဲ့သည့်နိုင်ငံဖြစ်သည်။ ဒီတိုင်းပြည်ကိုအမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလိုချင်ရင် စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုကိုဖွဲ့စည်းပြီး ဖယ်ဒရယ် ပြည်ထောင်စုတပ်မတော်ဆိုတာ ရှိကိုရှိရမှာဖြစ်တယ်။ ဒါကိုဆန့်ကျင်ပြောဆိုခြင်းသည် စစ်မှန်သည့် ငြိမ်းချမ်းရေးကို မလိုလားကြောင်း ပြသနေခြင်းသာဖြစ်သည်။
အခုကြိုးပမ်းလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလမ်းစဉ်လုပ်ငန်းကြီးသည် ဗမာတပ်မတော် တစ်ခုထဲ၏ ကောင်းစားရေးအတွက်ပဲ ကာကွယ်လုပ်နေခြင်းမဟုတ်ပါ။ တိုင်းပြည်နဲ့ ပြည်သူလူထုတစ်ရပ်လုံး၏ ကောင်းစားရေးကို ဦးတည်ရှေ့ရှုပြီး လုပ်ဆောင်နေခြင်းသာဖြစ်သောကြောင့် ဗိုလ်ချုပ်မြင့်စိုး စကားပြန်ပြင်ပြောပါ။ နောက်ဒီလိုစကားမျိုး မပြောမိပါစေနေလို့စေတနာနဲ့သတိပေးလိုပါတယ်။
ပြည်သူ့တမာန်။
