www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
နမ်လင်းပါကျေးရွာ၏ နောက်ဆုံးအခြေအနေ Sunday, November 17, 2013

နမ်လင်းပါကျေးရွာ၏ နောက်ဆုံးအခြေအနေ

ယနေ့နံနက် ၇ နာရီမှ နမ့်လင်းပါကျေးရွာတွင် အကြီးအကျယ် ၀င်ရောက် ပစ်ခတ်နေသည်။ ကျေးရွာသားများနှင့် IDP များ အားလုံး ၂၃၀၀ ကျော် ရွာပြင်သို့ ထွက်ပြေးနေသည်။ ရွာတွင်း ထိခိုက်မှု ပိတ်မိမှု သေဆုံးမှု မသိရသေး။ နိုဝင်ဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ညနေ ၄ နာရီ ၃၀ မိနစ် ခန့်တွင် နမ့်လင်းပါကျေးရွာသို့ မြန်မာ့တပ်မတော်မှ ပစ်ခတ် ၀င်ရောက် သိမ်းပိုက်သဖြင့် မူလ စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော်၊ ဘော်ဒါဆောင်နေ ကျောင်းသား ၃၀၀ ကျော်၊ ကောင်လွေ (Gawng Run) နှင့် ဆဂနမ်ခွမ် (Saga Nam Hkum) ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူများနှင့် နမ့်လင်းပါ ရွာခံ များ စုစုပေါင်း ၂၃၀၀ ကျော်ခန့် တညလုံး ကစဉ့် ကလျား ထွက်ပြေး တိမ်းရှောင်နေရပါသည်။ ဗန်းမော်မြို့ ဆိပ်ကမ်းသို့လည်း မြန်မာ့တပ်မတော်မှ တပ်သားများ သဘောင်္ ၃ စီးအပြည့်ဖြင့် မနေ့ည ၁၆ နိုဝင်ဘာလ ၂၀၁၃ တွင် ဆိုက်ကပ်ပြီဖြစ်သည်။ နမ့်လင်းပါကျေးရွာသည် မန်စီမြို့နယ် အရှေ့တောင်ပိုင်း အစွန်းတွင် တည်ရှိ၍ အောက်တိုဘာလ ၂၂ ရက် ၂၀၁၃ ခုနှစ်မှ စတင်၍ ပြင်ပမှ အစားအသောက်ရိက္ခာများ ပို့ပေးခွင့် မရှိအောင် မြန်မာ့တပ်မတော်မှ ပိတ်ဆို့ထားသော ကျေးရွာဖြစ်သည်။ မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကက်သလစ်အသင်းတော်၏ ရိက္ခာပို့သော အဖွဲ့များ ပထမဦးဆုံးအကြိမ် ရောက်ရှိပြီး နောက် ၂ နာရီအကြာတွင် တပ်မတော်မှ လိုက်လံ ပစ်ခတ်ခြင်းဖြစ်သည်။ Wunpawng Ninghtoi နှင့် ကက်သလစ်အသင်းတော်မှ ၀န်ထမ်းများလည်း ပိတ်မိနေသည်။ မြန်မာ့တပ်မတော်သားများသည် ညနေစာ စားနေကြသော ဘော်ဒါဆောင်ကျောင်းသားများကို ဦးစွာ ၀ိုင်းထားပြီး ကျောင်းဆောင်အတွင်း ပိတ်ထားပြီးမှ သေနတ်ဖြင့် စတင်ပစ်ခတ်ခြင်းဖြစ်သည်။ အသင်းတော်မှ ဘုန်းတော်ကြီးများနှင့် ဆရာများ တောင်းပန်မှုကြောင့် ကျောင်းသားများကို ပြန်လွှတ်ပေးသော်လည်း ရွာခံနှင့် အခြားရွာမှ ရောက်လာသူများနှင့် ကျောင်းသားများအားလုံးကိုပါ ရွာတွင်းမနေစေဘဲ ဒုက္ခသည်စခန်းသို့ မောင်းထည့်ကြသည်။ စခန်းတွင် မူလဒုက္ခသည်များအတွက်သာ နေရာထိုင်ခင်းရှိ၍ အသစ်ရောက်လာသူများအတွက် အိပ်စရာမရှိသည့်အပြင် တညလုံး ပစ်ခတ်နေသောကြောင့် ရွာပြင်သို့ ထွက်ပြေးသူများစွာ ရှိသည်။ ယနေ့နံနက် ၇း၃၀ နာရီမှ နောက်တကြိမ် ပြင်းထန်စွာ ပစ်ခတ်သဖြင့် ရွာသားများနှင့် ဒုက္ခသည်များ ကစဉ့်ကလျား ထွက်ပြေးကြသည်။ အချို့မှ တရုတ်ပြည်နယ်စပ် မန်ဝိန်းကြီးဒေသသို့ ဦးတည်နေပြီး အချို့မှာ မိုင်ဂျာယန်ဒေသသို့ ဦးတည်ထွက်ပြေးနေပြီဖြစ်သည်။  အောက်တိုဘာလဆန်းမှ စတင်သော စစ်ပွဲများကြောင့် စုစုပေါင်း ၁၀ ရွာကျော် ဖြစ်ပွားမှုကြောင့် စုစုပေါင်း လူဦးရေ ၁၃၀၀၀ ခန့် မိမိတို့ ကျေးရွာများ စွန့်ပစ်ပြီး ထွက်ပြေးနေရသည်။ စစ်ဘေးဒုက္ခသည်စခန်းအသစ် ၃ ခု (မန်စီမြို့နယ် ဟန်ထက်ကျေးရွာ၊ မန်စီမြို့နယ် စီခမ်းကြီးကျေးရွာ၊ ဗန်းမော်မြို့နယ် ဖန်ခါးကုန်းကျေးရွာ) တို့ ထွက်ပေါ်လာပြီးဖြစ်သည်။


မန်စီမြို့နယ်၊ နမ့်လင်းပါကျေးရွာတွင် ၃ ပတ်ကျော် ပိတ်မိနေပြီဖြစ်သော စစ်ဘေးဒုက္ခသည်များထံသို့ ရိက္ခာပို့ရန်အတွက် ဗန်းမော်မြို့မှ ဗျူဟာမှူးနှင့် သက်ဆိုင်ရာ အရာရှိများထံမှ အဆင့်ဆင့် ခွင့်ပြုချက်ဖြင့် ယနေ့ ထရပ်ကား ၄ စီးဖြင့် NGO နှင့် INGO များ၊ ဒေသခံ အဖွဲ့အစည်းများ ဗန်းမော်မြို့မှ ထွက်ခွာလာကြပါသည်။ ၁၄ မိုင်အကွာ မန်ဝိန်းလေး ကျေးရွာသို့ ရောက်သောအခါ မန်စီမြို့နယ် ဟန်ထက်ကျေးရွာတွင် ထိုင်နေသော ရှေ့တန်းမှူးမှ တားဆီးထားပါသည်။ မန်ဝိန်းလေးကျေးရွာမှာ နမ့်လင်းပါ ကျေးရွာသို့ သွားနိုင်သော လမ်းကြောင်း နှစ်ကြောင်း ရှိပါသည်။ တလမ်းမှာ မိုင်းခေါင်ကျေးရွာမှ တဆင့် သွားသောလမ်းနှင့် အောက်ချောင်းလမ်းမှ သွားသောတို့ ဖြစ်သည်။ ထို နှစ်လမ်း စလုံး မန်ဝိန်းလေး ကျေးရွာတွင် လမ်းခွဲပါသည်။ ဟန်ထက်ကျေးရွာ စစ်ကြောင်းမှူးမှ မိုင်းခေါင်လမ်းကြောင်းသွားမည်ဆိုပါက တပ်မတော်၏ ရိက္ခာကို သယ်ဆောင် ပေးမှသာ ဖြတ်သန်းသွာလာခွင့်ပြုမည်။ အောက်ချောင်းလမ်းမှ သွားမည် ဆိုပါက တပ်မတော်၏ ရိက္ခာတင် ယာဉ်တန်းနှင့်အတူ သွားမှသာ ခွင့်ပြုပေးနိုင်မည်ဟု တားဆီးထားပါသည်။
ခေါန်ဂျာ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers