www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
မချမ်းဘောအုပ်ချုပ်ရေးမှူးမှ စစ်ရှောင်စခန်း ကိုဒုက္ခပေးနေ Monday, September 30, 2013

မချမ်းဘောအုပ်ချုပ်ရေးမှူးမှ စစ်ရှောင်စခန်း ကိုဒုက္ခပေးနေ

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်သည် မချမ်းဘောမြို့ တစ်ဖက်ကမ်း နောင်ခိုင် ကျေးရွာတွင် ခိုလှုံ နေသော စစ်ရှောင်စခန်း ကို ဒုက္ခပေးနေကြောင်းကြားသိရသည်။

ဒုက္ခပေးပုံမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်ရှောင်စခန်းသို့ ခဏခဏ စာရင်းသွားကောက်စေခြင်း၊ စစ်ဆေးခြင်း၊ စခန်းတွင်း၌ ရုံးစာရေးများကို အချိန်ပြည့် အလှည့်ကျစောင့် ကြပ်စေခြင်း၊ ဒုက္ခသည်များကို မိမိအရပ်သို့ ပြန်ရန်အမြဲတမ်း ကြိမ်းမောင်းခြင်းများ ပြုလုပ်နေ သောကြောင့် ဒုက္ခသည်များကြောက်ရွံ့ နေရကြောင်းသိရသည်။

၎င်း အုပ်ချုပ်ရေးမှူးသည် ရုံးတွင်း၊ ရုံးပြင်၌လည်း အာဏာနှင့်ဖိ၍ လက်အောက်ငယ်သားများ၊ ဒေသခံများကို အနိုင်ကျင့် စော်ကား နေကြောင်းလည်း ဒေသခံများနှင့် အုပ်ချုပ် ရေးလိုင်းဝန်ထမ်းများ၏ ပြောပြချက်အရကြားသိရပါသည်။ 

ယခုအချိန်တွင် နောင်ခိုင်ကျေးရွာ၊ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၌ ဒုက္ခသည် (၄၃) ယောက် ခိုလုံနေကြောင်း ကူညီကြောင်းသိရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers