www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
သူရဦးရွှေမန်းထံအိပ်ဖွင့်ပေးစာ Saturday, August 10, 2013

သူရဦးရွှေမန်းထံအိပ်ဖွင့်ပေးစာ

လွန်ခဲ့သောကြားဖြတ်ရွေးကောက်ပွဲမှာ သွေးလန့်သွားခဲ့သော မိမိအိမ်မှာ မဲပုံးထောင်ပြီး ပါဝင်ယှဉ်ပြိုင်တာတောင် ကိုယ့်ရဲ့အိမ်သူ/ သားတွေက မိမိကိုမဲမပေးပဲ သူများကိုမှ မဲထည့်ပေးခဲ့တဲ့ အဖြစ်မျိုးကြုံခဲ့ရလို့ လာမဲ့ 2015 ရွေးကောက်ပွဲမှာလည်း ဒီပုံစံအတိုင်းတာဆက်သွားလို့ရှိရင် မှန်းချက်နှင့်နှမ်းထွက်က ဘယ်လိုမှ ကိုက်တော့မှာမဟုတ်ဘူးလို့ထင်ပြီး NLD နဲ့မဟာမိတ်လုပ်ပူးပေါင်းဖို့ ကန်း လှန်းပြောဆိုခဲ့တဲ့ သူရရွှေမန်းခဗျား- ကျွန်တော်တို့ တိုင်းရင်းသားတွေလိုချင်တဲ့ Self-Determination ကိုယ်ပိုင်ပြဌာန်းခွင့်၊ Autonomy ဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသည်မှာ ခဗျားတို့ စစ်အုပ်စုခေါင်းဆောင်တွေက စိတ်ကြိုက် ခေါင်းခေါက်ရွှေးချယ်ပြီး ခန့်အပ်ထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ အစိုးရတွေကို ခဗျားတို့ ကြိုက်နှစ်သက်မဲ့ ဥပဒေမျိုး ပြဌာန်းခိုင်းပြီး ထွက်ပေါ်လာမဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် Self-Determination မျိုးကို ဆိုလိုချင်တာမဟုတ်ဘူး။ 

ကျွန်တော်တို့ ပြည်နယ်ကိုယ်စားပြုထားတဲ့လူမျိုးတွေက မိမိစိတ်ကြိုက် ဥပဒေ ပြဌဋ္ဌာန်းပြီး အုပ်ချုပ်သွားမဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုးကိုဆို လိုတာဖြစ်တယ်။ ခင်ဗျားပြောတဲ့ အတုအယောင်ကိုယ်ပိုင်ပြဌာန်းခွင့်မျိုးကို ဆိုလိုချင်တာလုံးဝမဟုတ်ပါ။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်ရေးဆွဲဖို့ကိစ္စကိုလည်း ကြောက်ကန်ကန်ငြင်းဆိုပြီး ဘယ်အာဏာရအစိုးရမှ မိမိရဲ့ အာဏာစွတ်လွတ်ဖို့ကို အသာတကြည် လက်ခံမယ်မဟုတ်ဘူး၊ လုပ်ရဲရင်လုပ်ကြည့်ပါဆိုတဲ့ ပုံစံမျိုးနဲ့ ခြိမ်းခြောက် ပြောနေခြင်းသည် ရုပ်ပျက်ဆင်းပျက် စစ်ဗိုလ်ဇာတိပြနေခြင်းသာဖြစ်သောကြောင့်  ပြည်ထောင်စုလွှတ်တော်ဥက္ကဌ တစ်ဦးအနေနဲ့ တာဝန်ယူထမ်းဆောင်ရန် မသင့်တော်ကြောင်း၊ ဒီလိုအယူအဆအတွေးအခေါ်မျိုးနဲ့ လွှမ်းမိုးထား ခြင်းခံနေရတဲ့လူကို သမ္မတအဖြစ်နဲ့ ရွှေးချယ်ခန့်ထားရန် မဲပေးဖို့ဆိုသည်မှာ ပိုပြီးတော့လုံးဝမဖြစ် သင့်ကြောင်းနှင့် 2008 စာအုပ်ကို မူလပိုင်ရှင်ဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၄င်းစာအုပ်ရေးဖို့ တာဝန်ပေးခြင်းခံခဲ့တဲ့ ဥပဒေပညာရှင်ဆိုသူကို အပြင်မှာရောင်းပန်းမလှလို့ အပြီးအပိုင်ပြန်အပ်ပါတယ်ဆိုပြီး ပြန်လည် အပ်နှံလိုက်ခြင်းသည် အကောင်းဆုံးသော နည်းလမ်းဖြစ်ကြောင်းပြောကြားလိုပါသည်။

ပြည်သူ့တမန်
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers