www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ပန်ဝါမြို့ရှိ လာဝေါ်နှစ်ခြင်းဘုရားကျောင်းတွင် ဗျုဟာထိုင်မှုအား ဒေသခံများ အလိုမရှိ Friday, August 23, 2013

ပန်ဝါမြို့ရှိ လာဝေါ်နှစ်ခြင်းဘုရားကျောင်းတွင် ဗျုဟာထိုင်မှုအား ဒေသခံများ အလိုမရှိ

ပန်ဝါမြို့ပေါ်ရှိ လာဝေါ်နှစ်ခြင်း ဘုရားကျောင်းတွင် အစိုးရတပ်မတော်မှ ဗျုဟာထိုင်နေပြီး ဘုရားကျောင်းတွင် လွတ်လွတ်လပ်လပ် ၀တ်မပြုနိုင်သည်သာမက ဘုရားကျောင်းအတွင်း ညစ်ပတ်သည့် အပြုမူများ ပြုမှုလျှက်ရှိနေသောကြောင့် ဒေသခံများမှ ဗျူဟာအား ထိုဘုရားကျောင်းဝင်းမှ ပြောင်းပေးရန် အကြောင်းကြားစာ (၂) ကြိမ်ပို့ပေးပြီး ဖြစ်သော်လည်း ယခုထိ ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်အစဲက ဆိုသည်။

"ဘုရားကျောင်းထဲမှာပဲ အိပ်ပြီး ကျွန်တော်တို့ ၀တ်ပြုဖို့လာမှ သူတို့က သော့ဖွင့်ပေးပြီး အိပ်ယာတွေ သိမ်းကြတယ်။ ကျောင်းဝင်းထဲမှာပဲ ဆေးလိပ် အရက်တွေ သောက်ပြီး ဖဲတွေ လည်းရိုက်ြကတယ်။အလုံးကသူတို့ကို ပြောင်းသွားဖို့အလိုရှိတယ်။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဘာမ မတတ်နိုင်ဘူး။" ဟု ဒေါ်အစဲမှ ဆိုသည်။

ထိုဘုရားကျောင်းသို့ ဗျူဟာစထိုင်သည်မှာ ၂၀၁၂ နှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး စခန်းချခြင်းဖြစ်သည်။ ၄င်းတို့မှ စတင်စခန်းချချိန်တွင် ဘုရားကျောင်းသော့အား ၄င်းတို့မှ ကိုင်သွယ်ပြီး ၀တ်ပြုချိန်တွင်သာ တံခါးဖွင့်ပေးပြီး ၀တ်ပြုပြီးသွားပါက ဘုရားကျောင်းအား ၄င်းတို့မှ သော့ပြန်လည် ခေတ်ပိတ်ထားကြောင်းသိရသည်။

သို့သော် ယခုအချိန်တွင်မူ သော့အား အသင်းသူ အသင်းသားများအား ပြန်လည် ပေးအပ်ထားပြီး ဖြစ်သော်လည်း ၀တ်ပြုချိန်တွေသာ လာရောက် ၀တ်ပြုကာ ချက်ခြင်း ပြန်လည် တံခါးပိတ်ပေးရကြောင်းသာမက ၀တ်ပြုဆုတောင်းလာသူများအား စစ်ဆေးမှုများလည်း ရှိကြောင်းသိရသည်။

`အဓိကအသင်းသူ အသင်းသားတွေ မကြိုက်တာက ကိုယ့်ဘုရားကျောင်းကို ညစ်ညစ်ပတ်ပတ် လုပ်ပေးလို့။ စစ်နဲ့ဘာသာရေးက မဆိုင်ဘူး။ မရှိနဲ့ လို့မပြောလိုဘူး။ ဒါပေမဲ့ ရှိရင်လည်း သူ့နေရာမှ သူနေရင်တော့ ဘာမှ မဖြစ်ဘူး´ ဟု ဒေါ်အစဲမှ ဆက်လက်ဆိုသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစားတမ်း အပုဒ် (၁၈) တွင်လည်း လူတိုင်းလွတ်လပ်စွာ ကိုးကွယ်ယုံကြည် ပိုင်ခွင့်ရှိကြောင်းပါရှိသည်သာမက မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၆၃) တွင်လည်း နိုင်ငံတော်သည်အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည် ဟုပါရှိသည်။

`နိုင်ငံတကာဥပဒေအရ ဘာသာရေးအဆောက်အအုံများအား စစ်တပ်တွေရဲ့စခန်းတစ်ခုအနေနဲ့ ယာယီဖြစ်ဖြစ် အမြဲတမ်းဖြစ်ဖြစ် စခန်းချနေထိုင်ဖို့ ခွင့်မပြုထားဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဘုရားကျောင်းကို စွန့်ပစ်ထားခဲ့ရရင်တောင် အနီးစပ်ဆုံး တပ်တွေဖြစ်စေ အာဏပိုင်တွေ ဖြစ်စေက ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။´ကချင်ပြည်နယ်တွင်လူ့အခွင့်အရေးပညာပေးသူ ဦးဂျာနော်ကဆိုသည်။

အဆိုပါဘုရားကြောင်းသည် အသင်းသူအသင်းသား အိမ်ထောင် ၃၀ ခန့်ဖြင့် ဖွဲ့စည်းထားသော အသင်းတော် တစ်ခုဖြစ်သည်။ မြစ်ကြီးနား - လိုင်ဇာလမ်းတစ်လျှေက်ရှိ အချို့ ဘုရားကျောင်းများနှင့် မြစ်ကြီးနား - ဆွမ်ဂရာဘွမ်လမ်း တစ်လျှောက်ရှိ ဘုရားကျောင်းအချို့တွင်လည်း အစိုးရစစ်တပ်များမှ စခန်းချနေထိုင်လျှက်ရှိသည်။

`ဘုရားကျောင်းမှာ အဲဒီလိုတပ်စွဲထားတာမြင်ရတာ အရမ်း စိတ်မကောင်းဘူး´ ဟု ပန်ဝါမှ ပြန်ခဲ့သူ ၀ိုင်းမော်စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးခေါင်ဒေါင်ကဆိုသည်။
Kachinwaves
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers