www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဦးလထော်ဘရန်ရှောင်ကို ယနေ့လွတ်မည်ဟု ၀န်ကြီးဦးအောင်မင်းပြော Tuesday, July 23, 2013

ဦးလထော်ဘရန်ရှောင်ကို ယနေ့လွတ်မည်ဟု ၀န်ကြီးဦးအောင်မင်းပြော

ဝန်ကြီးဦးအောင်မင်းက မတရားအသင်းအက်ဥပဒေဖြင့် ဖမ်းဆီးခံရသည့် ဦးလထော်ဘရန်ရှောင်ကို ယနေ့ မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်ပေးမည် ဖြစ်ကြောင်းပြောသည်။

မတရားအသင်းအက်ဥပဒေဖြင့် ဖမ်းဆီးခံရသည့် သူများအပြင်၊ နိုင်ငံရေးအကျဉ်းသား (၆၀)ခန့်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်ပေးမည် ဖြစ်ကြောင်းလည်းသိရသည်။ မြစ်ကြီးနား အကျဉ်းထောင်မှ ၄င်းနေထိုင်ရာ ဂျန်မိုင်ကောင် နှစ်ခြင်းစစ်ရှောင်စခန်းသို့ ၀န်ကြီးဦးအောင်မင်း ကိုယ်တိုင် ပို့မည် ဖြစ်ကြောင်းလည်းသိရသည်။

ဝန်ကြီးဦးအောင်မင်းနှင့် ကုလသမ္မကအထူးကိုယ်စားလှယ်မစ္စမာရီယာတို့သည် ယခုအချိန်တွင် ကေအိုင်အို၏ Technical Advisory Team ရုံးဖွင့်ပွဲကို တတ်ရာက်ကာ မြစ်ကြီးနားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

မေလ ၂၈ရက်နေ့တွင် ကေအိုင်အိုအဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ ဦးအောင်မင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြီးတွင် စစ်ရှောင်စခန်းများသို့ သွားရောက်ရာတွင် ဦးလထော်ဘရန်ရှောင် ကိုတစ်ပတ်အတွင်း လွတ်ပေးမည်ဟု ပြောဆိုမှုများပြုလုပ်ခဲ့သည်။ ဦးလထော်ဘရန်ရှောင်ကို မတရားအသင်းအက်ဥပဒေ ဖြင့်ဖမ်းဆီးကာ လွန်ခဲ့သည့်အပတ်တွင် ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့သည်။

ယနေ့ လွတ်မြောက်လာခြင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။၎င်းဖမ်းဆီးထိန်းသိမ်းခံထားရသည်မှာ တစ်နှစ်နှင့် (၂)လခန့်ရှိပြီဖြစ်ကြောင်းလည်းသိရသည်။
Kachinwaves
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers