www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကျေးဇူးကဘာဆိုင်

စောက်ရေးမပါတဲ့ "တစ်နိုင်ငံမှာ စစ်တပ်ဆိုတာ တစ်တပ်ထဲရှိတယ်" ဆိုတဲ့ Rhetoric ကို သုံးလို့မ၀နိုင်သေးဘူး။ မြန်မာနိုင်ငံမှာ ဒီမဒိန်းစစ်တပ် တစ်တပ်ထဲ ရှိလိုက်ပါလား၊ တိုင်းရင်းသားတွေ အကုန်မျိုးပြုတ်ကုန်လိမ့်မယ်။ စစ်တပ်တစ်တပ်ထဲရှိချင်ရအောင် အဲဒီစစ်တပ်က ဘယ်လောက် စောက်စည်းကမ်းရှိနေလို့လဲ? အားတိုင်းယားတိုင်း အပြစ်မဲ့ ပြည်သူတွေကိုပဲ ဓမြတိုက်၊ လုယက်၊ မဒိန်းကျင့်ချင်နေတဲ့စစ်တပ်။ ကချင်သမိုင်းဟာ KIA ကို အပြုတ်တိုက်လိုက်လို့ ပြီးသွားမှာ မဟုတ်ဘူး။ ဒီခေတ်မှာ စစ်တပ်တစ်တပ် တည်ထောင်ဖို့ဆိုတာ ဘယ်လောက်လွယ်တယ်ဆို အားလုံးအသိပဲ။ ကချင်တွေကို လက်နက်စွန့်၊ နိုင်ငံရေးလုပ်ပြီး တိုင်းပြည်တိုးတက်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ခိုင်းစေချင်တယ်ဆိုရင် အောက်က အချက်တွေမလွဲမသွေ လုပ်ရလိမ့်မယ်။

၁) မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ Federal ဖြစ်ကိုဖြစ်ရမယ်။ သမိုင်းအရကော၊ ယဉ်ကျေးမှူအရကော Federal ဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော စနစ်ပဲ။

၂) ကချင်ပြည်နယ်မှာ ရှိရှိသမျှ မတရားတပ်ဆွဲထားတဲ့ မြန်မာစစ်တပ်အားလုံး ကိုယ့်အိမ်ကိုကိုယ် ပြန်ကျရမယ်။

၃) မြန်မာနိုင်ငံမှာ မြန်မာစာဟာ Official Language ဖြစ်သလို ကချင်ပြည်နယ်မှာ ကချင်စာဟာ official ဖြစ်ရမယ်။ မြန်မာနိုင်ငံမှာ မြန်မာစာနဲ့၊ မြန်မာစကားကို အားလုံးသင်ကြားရမှာဖြစ်သလို၊ ကချင်ပြည်နယ်မှာနေတဲ့ လူတွေအားလုံးလည်း ကချင်စာနဲ့ ကချင်စကားကို သင်ရမှာဖြစ်တယ်။ တစ်ခြားတိုင်းရင်းသားပြည်နယ်တွေမှာလည်း ဒီအတိုင်းပဲ ဖြစ်ရမယ်။ ရှမ်းပြည်မှာနေတဲ့ ကချင်တွေလည်း ရှမ်းစာနဲ့၊ ရှမ်းစကားကို သင်ရမယ်။

၎) ကချင်ပြည်နယ်နဲ့ဆိုင်တဲ့ ကိစ္စ မှန်သမျှမှာ ကချင်အစိုးရက Full Political Power ရှိရမယ်။

၅) Constitution အသစ် ရေးကိုရေးရမယ်။ 2008 Constitution နဲ့ ကမ္ဘာ ပတ်ပြီး မြန်မာနိုင်ငံက democracy နိုင်ငံဖြစ်နေပါပြီလို့ လိုက်အော်နေတာကိုက Rapper ကြက်ဖရဲ့ သီချင်းလိုပဲ, ရှက်တတ်ရင်လဲသေဖို့ကောင်းနေပြီ။

၆) National Assembly မှာ တိုင်းရင်းသားအားလုံး တန်းတူပါဝင်ခွင့်နဲ့၊ ညီတူညီမျှအခွင့်အရေးရှိရမယ်။

ရ) National Education မှာ မြန်မာနိုင်ငံလုံးနဲ့ဆိုင်တဲ့ Content တွေ ပါရမယ်။ တိုင်းရင်းသားတွေရဲ့ သမိုင်းတွေကို ထိန်ချန်ထားပြီး ဗမာ့သမိုင်းကိုပဲ ဦးစားပေတဲ့ Curriculum တွေမဖြစ်ရဘူး။

၈) Discrimination & Rascism ကို Constitutionally Banned လုပ်ရမယ်။ မတူကွဲပြားလူမျိုးတွေ များပြားလှတဲ့ မြန်မာနိုင်ငံမှာ Discrimination & Racism က နိုင်ငံရဲ့တိုးတက်မှုမှာ များစွာ အနှောက်အယှက်ဖြစ်နေလိမ့်မယ်။

၉) Freedom of speech & Freedom of Religion ရှိကိုရှိရမယ်။

ဒီအချက်တွေက Democracy ဆိုတဲ့ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်တဲ့ အချက်တွေပဲ။ ဒါတွေကို ဆက်လက် ရှောင်ဖယ်နေမယ်ဆိုရင်တော့၊ Democracy ဟာ မြန်မာနိုင်ငံမှာ ဘယ်တော့မှ စန်းပွင့်မှာမဟုတ်သလို၊ သူအစား Psedu-democracy or Totalitarianism State တော့ဖြစ်လာမှာ ဧကန်အမှန်ပဲ။ စကားလုံးအမှားပါရင် ခွင့်လွတ်။ မြန်မာစာ ဒီလောက်ရေးတတ်တာကိုလည်း ကျေးဇူးတင်ဖို့ မမေ့နဲ့အုံး။ ကချင်စာတစ်လုံးမှမတတ်ရင်တောင် Chyeju kaba sai (ကျေးဇူးကဘာဆိုင်) ကိုတော့တတ်ကျမှာပါ။

Brang Nu
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers