www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဗုဒ္ဓဆင်းတုတော် နှင့် လက်ဝါးကားတိုင်အား လိုင်ဇာသို့ပင့်ရန် ပြည်သူများ သဘောမတူ Thursday, June 20, 2013

ဗုဒ္ဓဆင်းတုတော် နှင့် လက်ဝါးကားတိုင်အား လိုင်ဇာသို့ပင့်ရန် ပြည်သူများ သဘောမတူ

ရန်ကုန်မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ လမ်းတစ်လျှောက်ကောက်ခဲ့သော ကျည်ခွံများဖြင့် ပြုလုပ်ထားသော မနောဝိမုတ္တိရသ ငြိမ်းချမ်းရေးဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်နှင့် လက်ဝါးကားတိုင်အား လိုင်ဇာမြို့သို့ပင့်ဆောင်ရန် ကချင်ဒေသခံ လူထုများ သဘောတူမတူကြကြောင်း သိရသည်။
ထိုဘုရားဆင်းတုတော်အား ကိုစည်သူနှင့် ဦးဝင်းချို ဦးဆောင်သော ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့(၂၂ ယောက်အဖွဲ့) မှ ကျည်ခွံများကောက်ခဲ့ပြီး မန္တလေး ဘုရားကြီးတွင် ထုကာ မန္တလေးမှ ဇွန် (၁၆) ရက်နေ့ ထွက်ခဲ့ပြီး မြစ်ကြီးနားသို့ ဇွန်(၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။

“လိုင်ဇာကိုတော့ညှိထားတယ်။ လက်ဝါးကပ်တိုင်ကိုတော့ လိုင်ဇာမှာရှိတဲ့ ကစ်သလစ် ဘုးရားကျောင်းမှာ ထားဖို့အကြမ်းဖြင့် သဘောတူထားတယ်။ လိုင်ဇာက တာဝန်ရှိသူတွေလည်း လိုင်ဇာကို လာဖို့ကျေကျေနပ်နပ် ကျွန်တော်တို့လာဖို့လက်ခံတယ်။ ဆင်းတုတော်ကိုတော့ အကယ်၍ လိုင်ဇာ ဒေသခံတွင်ဘက်က အဆင်သင့်မဖြစ်ခဲ့ရင် ပြန်ပင့်ဆောင်လာပြီး ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ဆက်သွယ်ပြီး သူဆီ ပင့်ဆောင်သွားမည်။” ဟု ဦးဆောင်ပါဝင်သူ ဦးဝင်ချိုက ဆိုသည်။
ဆင်းတုတော်အား ကျည်ခွံပိသာချိန် ၁၃ ပိသာဖြင့် ပြုလုပ်ထားပြီး ညဏ်တောမှာ ၁၂ လက်မ ဖြစ်သည်။ လက်ဝါးကားတိုင်မှာလည်း အမြင့် ၁၂ လက်မ ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
“ကျည်ခွံတွေကို ဘ၀ပြောင်းထားတဲ့ ဘ၀အကြောင်းပြောပြချင်တာသက်သက်ပါ။ ဗုဒ္ဓဘုးရားပွားလာအောင် လိုက်လုပ်နေတာလဲ မဟုတ်ဘူး။ အလကား ပစ်ခတ်လိုက်တဲ့ ကျည်ခွံတွေရဲ့ တန်ဖိုးကိုသိအောင် သံဝေဂ ရအောင် ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာပါ။” ဟု ဦးဝင်းချိုမှ ဆက်လက်ဆိုသည်။
အဆိုပါအဖွဲ့သည် အခုအချိန်တွင် မြစ်ကြီးနားသို့ ရောက်ရှိနေပြီး လိုင်ဇာဒေသခံသို့ ဆက်လက် ခရီး ဆက်ရန် လိုင်ဇာမြို့သို့ ရောက်ရှိနေသော PCG (Peace-talk Creation Group) အဖွဲ့နှင့် ကချင်လူထု ခေါင်းဆောင်များအား စောင့်အုံး မည် ဖြစ်ကြောင်းသိရသည်။ ထိုအဖွဲ့များနှင့် ညှိနိုင်းတိုင်ပင်ကာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးဝင်းချိုမှ ဆိုသည်။

ထိုကဲ့သို့ လိုင်ဇာမြို့သို့ ပင့်ဆောင်လာမည့် အပေါ်ကချင်လူထုများက သူတို့၏အမြင်များကို အခုလိုဖြေကြားခဲ့ပါသည်။

(၁) ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် မြစ်ကြီးနားဇုံနယ် အတွင်းရေးမှူး သင်းအုပ်ဆရာ ဦးမရစ်ကွမ်းအောင်မှ “လက်ခံသင့်တဲ့အရာတော့ မဟုတ်ဘူး။ လက်ဝါးကားတိုင်ဆိုလည်း ကျွန်တော်တို့က လက်ဝါးကားတိုင်ကို ရှိခိုးတာ မဟုတ်ဘူး။ ကျွန်တော်တို့ ဘုရားသခင်ကိုသာ ယုံကြည်ရှိခိုးတာ။ ပြီးတော့ ဒီလမ်းက ကောက်ခဲ့တဲ့ကျည်ဆံတွေကလည်း မြန်မာအစိုးရ တပ်မတော်သားတွေရဲ့ ကျည်ဆံသာ ဖြစ်တယ်။ ဒါကြေင့် နိုင်ငံရေးအရတော့ မသိရဘူး။ ဘာသာရေးအရတော့ လုံးဝ လက်မခံသင့်ဘူး” ဟုဆိုသည်။

(၂) မြစ်ကြီးနားတက္ကသိုလ်မှ ဆရာဦးဂွမ်ဂျာနော်မှ “ဒီဆင်းတုတော်ကိုတော့ နေပြည်တော် သွားထားရင်ပိုကောင်းမှာ။ ဘာကြောင့်လည်းဆိုတော့ နေပြည်တော်မှာက နိုင်ငံတကာက ဧည့်သည်တွေလည်း ပိုများတယ်။ ဒါကြောင့် နေပြည်တော်မှာထားတော့ ပိုးကောင်းတာပေါ့။ ဒီကို သယ်လာစရာမလိုဘူး။ လက်ဝါးကားတိုင်ကိုလည်း နေပြည်တော်မှာဂိုဏ်းဂန ပေါင်းစုံ ဘုရားရှိခိုးကျောင်းမှာ ထားသင့်တယ်။ နေပြည်တော်ကနေ ခိုင်းလိုက်လို့ ဖြစ်ရတဲ့ တိုက်ပွဲ ဖြစ်တဲ့အတွက် နေပြည်တော်မှာပဲထားရင် အကောင်းဆုံးပဲလို့ထင်တယ်။” ဟု ဆိုသည်။

(၃) မြစ်ကြီးနားတက္ကသိုလ်မှ မဟာကျောင်းသား ကိုဘရန်ကြွယ်မှလည်း “လိုင်ဇာကိုသွားပို့ပြီး ဘာလုပ်မှာလဲ။ ဘာဖြစ်လာမှာလဲ။ လိုင်ဇာကိုသွားဖို့က လုံးဝကို သဘောမတူဘူး။” ဟုဆိုသည်။

(၄) ကစ်သလစ်အသင်းတော်မှ လူငယ်တစ်ဦးဖြစ်သော မဘောက်ဂျာမှလည်း “ဘာသားရေးနှင့် နိုင်ငံရေး ကိုတော့ မရောနှောခိုင်းစေချင်ဘူး။ နိုင်ငံရေးကို ဘာသာရေးဖက်သို့ မပြောင်းလဲခိုင်းစေချင်ဘူး” ဟုဆိုသည်။

(၅) ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ မဒေါင်ညွယ်မှ လည်း “ဒီကိစ္စကို ဂျာနယ်တွေမှာ တွေ့ကတည်းက ဒေသခံတွေရဲ့အမြင်တွေကို မေးကြည့်ဖြစ်တယ်။ အားလုံးက ဒါကဘာလဲ ဆိုတဲ့မေးခွန်းက လူတိုင်းစီမှာ ဖြစ်သွားကြတယ်။ ပြီးတော့သဘောမတူကြဘူး။ ဒေသခံတွေရဲ့ ခံစားချက်နဲ့ အမြင်ကို ယူပြီး လုပ်ဆောင်သွားတာက အကောင်းဆုံးဖြစ်လိမ့်မယ်။ သူတို့လုပ်တဲ့ ရည်ရွယ်ချက်က ကောင်းမှာပါ။ သို့သော် ဒါက လက်ဝါးကားတိုင်နဲ့ ဘုးရာင်းဆင်းတုတော် ဆိုတော့ အဓိပ္ပါယ် တစ်မျိုးသက်ရောက်သွားတယ်။ ပြည်သူလူထုကြားမှာ သာသာရေးဆိုင်ရာ အမြင်လွဲမှားမှုတွေ မဖြစ်ခိုင်းစေချင်ဘူး။ ရိုးရိုးရှင်းရှင်းနှင့် သာမန်ပြည်သူလူထု နားလည်သဘောပေါက် လက်ခံအားပေးပါဝင် နိုင်သည့် ငြိမ်းချမ်းရေးလှုပ်ရှားမှု မျိုးဆိုရင် ပိုပြီးတော့ ထိရောက်အောင်မြင်နိုင်မည်ဟု ခံယူသည်။” ဟု ဆိုသည်။
(၆) လူမှုအဖွဲ့အစည်းမှာပါဝင် လုပ်ရှားနေသူ လူငယ် ကို ဇိုင်းဒူမှလည်း “ဒီအချိန်မှာ ကျွန်တော်တို့ ကချင်လူထုတွေ လိုအပ်နေတာဟာ လက်ဝါးကားတိုင်နဲ့ ဘုးရားဆင်းတုတော် မဟုတ်ဘူး။ တကယ်လိုအပ်နေတာက တရားမျှတမှုနှင့် စစ်မှန်သောငြိမ်းချမ်းရေးသာ ဖြစ်သည်” ဟု ဆိုသည်။
Kachinwaves
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers