www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဗမာစစ်တပ်၏ ပစ်သတ်ခြင်းခံရသော ဦးဇခုံလွမ်းခေါင် Wednesday, June 19, 2013

ဗမာစစ်တပ်၏ ပစ်သတ်ခြင်းခံရသော ဦးဇခုံလွမ်းခေါင်

ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၆) နယ် မူဆယ်မြို့နယ် မုန်ကူး နောင်းဆိုင် ကျေးရွာရှိ ကလေး (၆) ဦး၏ ဖခင်ဖြစ်သော ဦးဇခုံလွမ်းခေါင် ကို ဗမာအစိုးရ စစ်တပ် ခလရ (၁၂၈) မှ ဇွန် (၁၄) ရက်နေ့တွင် ရှေ့တန်းတစ်နေရာ၌ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ 

ဖြစ်စဉ်မှာ မုန်ကူး အခြေစိုက် ပတစတပ်များနှင့် ခလရ (၁၂၈) သို့သည် ကေအိုင်အေ တပ်ရင်း (၃၆) ဒေသဖြစ်သော နောင်းဆိုင်ကျေးရွာသို့ ဇွန်လ (၁၄) ရက်နေ့ မနက် (၃း၃၀) နာရီခန့်တွင် တရုတ်လူမျိုး ဖြစ်သော လောရှန်ဂျိုင်းကို လမ်းပြအဖြစ်ခေါ်ဆောင်က ရောက်ရှိလာကြောင်း၊ နောင်းဆိုင် ကျေးရွာမှ ဥက္ကဌ ဦးဒဘန်ဘရန်နန် ကိုလမ်းပြရှာပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ရွာသူရွာသား အားလုံးမှာ စစ်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးသိမ်းရှောင်ကုန်ပြီဖြစ်ကြောင်းနှင့် ရွာစောင့် အဖြစ် ဦးဇခုံလွမ်းခေါင်သာ ကျန်ရှိခဲ့ကြောင်း၊ ဗမာစစ်တပ်မှ ဦးဇခုံလွမ်းခေါင်ကို ခေါ်ကာ နောက်တစ်ရွာအထိ လိုက်ပြပြီးလျှင်ပြန်လည် လွတ်ပေးမည်ဖြစ်ကြောင်း ကတိတွေပေးကာ ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

ဗမာစစ်တပ်များမှ ဦးဇခုံလွမ်းခေါင်ကို လမ်းပြအဖြစ်ခေါ်ဆောင်ကာ ဆက်လက်ချီတက်ရာ မုန်နာဇွပ် အရောက်တွင် ကေအိုင်အေ တပ်ရင်း (၃၆) မှ မျိုးချစ်ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လမ်းပြအဖြစ် ခေါ်ဆောင်လာသော ဦးဇခုံလွမ်းခေါင်ကို ရန်သူရှိတဲ့ဘက် ခေါ်ဆောင်လာသည်ဟု အပြစ်တင်ကာ ထိုးကြိတ် ရိုက်နက်ခဲ့သည်ကို ဂေါန်ဆန်ရွာသားများမှ အဝေးမှ လှမ်းမြင်ခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး မုန်နာဇွမ်မှ (၁) နာရီကျော်ခန့် သွားရသော နမ်ဂတ်နှင့် ယန်းလားကျေးရွာကြားတွင် တဖန် ကေအိုင်အေမျိုးချစ် ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဤသို့ တိုက်ပွဲ တစ်ဖန်ဖြစ်ပွားရာ ဦးဇခုံလွမ်းခေါင်ကို ဗမာစစ်တပ်မှ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ 

ဇွန်လ (၁၅) ရက်နေ့တွင် ဦးဇခုန်လွမ်းခေါင်၏ အလောင်းကို လာရောက်ကောက်ယူရန် ဖုန်းဆက် အကြောင်းကြားမှုကြောင့် ရွာသားများမှ အလောင်းသွားကောက်ရန် အသွား ခလရ (၁၂၈) ၏ နေရာသို့ အစားထိုး ရောက်ရှိလာသော ခလရ (၂၄၂) မှ အလောင်း သွားရောက်ကောက်ယူရန် ပြန်လည် တားဆီးခဲ့ကြောင်း သိရှိရပါသည်။ 

ဇွန် (၁၅) ရက်နေ့ ညနေ (၄း၃၀) နာရီခန့် အချိန်တွင် လွေဲလောမ့် အနီးတစ်ဝိုက်၌ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း လည်းသိရှိရပါသည်။ ယခုအခါ ဦးဇခုံလွမ်းခေါင်၏ အလောင်းကို ပြန်လည် ကောက်ယူရရှိပြီဖြစ်ပြီး ယနေ့ ဇွန် (၁၉) ရက်နေ့တွင် နောင်းဆိုင်ရွာ၌ မြုပ်နံရန် ပြင်ဆင်လျှက် ရှိကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်များ၏ ပစ်သတ်ခြင်းခံရသော ဦးဇခုံလွမ်းခေါင်တွင် မိခင်အိုနှင့်အတူ ဇနီး၊ သားသမီး (၆) ဦးကျန်ရစ်ခဲ့ကြောင်း၊ အငယ်ဆုံး တစ်နှစ်ကျော် ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers