www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
မြစ်ဆုံ အနီးတစ်ဝိုက် ပြည်သူ့စစ်များမှ မြေယာများ သိမ်းဆီးကာ ရွှေတူးဖော် Saturday, June 15, 2013

မြစ်ဆုံ အနီးတစ်ဝိုက် ပြည်သူ့စစ်များမှ မြေယာများ သိမ်းဆီးကာ ရွှေတူးဖော်

လ၀ါယန်၊ ဂွေထုဌာနေပြည်သူ့စစ်အဖွဲ့မှ ဒုတိယဥက္ကဌဖြစ်သူ ဦးဗဒစ်ဂမ်အောင်သည် လ၀ါယန်နှင့် ဂွေထုဒေသရှိ နှေငင်းချိန်ကျေးရွာ၊ အင်ပေါန့်ကျေးရွာ၊ အင်ဂန်ကျေးရွာ၊ လဘန်ကျေးရွာ၊ မခေါသီကျေးရွာအစရှိ ဆင်းရဲသားပြည်သူပိုင် မြေယာများအား အဓမ္မသိမ်းဆီး ကာလယ်၊ယာမြေများ လုပ်ကိုင်မှု မရှိကြောင်းသိရှိရပါသည်။ ဦးလဆန်အောင်ဝါ ပြည်သူ့စစ်ဖွဲ့မှ ဒုတိယဥက္ကဌဖြစ်သူ ဦးဗဒစ်ဂမ်အောင်သည် ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ပြည်သူများထံမှ မြေယာမြေ အများအပြားကို သိမ်းယူထားကြောင်းနှင့် မြေယာမြေ ပိုင်ဆိုင်မှုအများဆုံး ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်းလည်း သိရှိရပါသည်။  မြစ်ဆုံအနီးတစ်ဝိုက်ရှိ ခါဘာ၊ရွှေဘား တစ်လျှောက်တွင် တာဝန်ထမ်းဆောင်နေသော ရှေ့တန်းတပ်စခန်းများ၊ Asia World & CIP Campany များနှင့် ပူးပေါင်းကာ ရွှေတူးဖေါ်နေသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်လျှက်ရှကြောင်း သိရှိရပါသည်။ ရွှေမှော်တွင် ဦးဗဒစ်ဂမ်အောင်၏ ညီဖြစ်သူ ဦးဗဒစ်တူးအား တာဝန်ပေးအပ်ကာ ကြီးကြပ်စေပြီး တစ်ရက်လျှင် ရွှေစက်တစ်ဆိုင်းအား ငွေကျပ်(150000)တစ်သိန်းခွဲကောက်ခံကြောင်း သိရှိရသည်။ရွှေတူးဖော်ရန်လုပ်ကွက် ပေ 50 ပတ်လည်တွင် ကျပ်သိန်း 20 ဖြင့်ရောင်းချေ ကြာင်းလည်းသိရှိရပါသည်။ 

သမ္မတဦးသိန်းစိန်က မြစ်ဆုံရေကာတာစီမံကိန်းကြီးကို သမ္မတဦးသိန်းစိန် သက်တမ်းတစ်လျှောက် ရပ်ဆိုင်ထားသောလည်း ယနေ့အထိ သြဇာအာဏာကြီးမားသော Company ကြီးများနှင့် ပူးပေါင်းကာ မြစ်ဆုံအနီးတစ်ဝိုက် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လုပ်ကိုင်ကြောင်း သိရှိရပါသည်။ မြစ်ဆုံအနီးတစ်ဝိုက် ခါဘာ၊ ရွှေဘားဒေသတွင် ပုဒ်မ 144 ဖြင့်ထုတ်ပြန်ကာ ဧရိယာတစ်ဝိုက်တွင် ပစ်မိန့်ပေး ထားကြောင်းလည်း သိရှိရပါသည်။ မြစ်ဆုံရေကာတာရပ်ဆိုင်းထားသော်လည်း CPI Company များသည် လုပ်ငန်းသိမ်းဆဲထားခြင်းမရှိ အစောင့်များနှင့် လုံခြုံရေတပ်များတင်းကြပ်စွာ ချထားသည်။ ဤအဖြစ်အပျက်များကြောင့် သေဒခံများ စိတ်လက် မချမ်းမသာ ဖြစ်နေရကြောင်းလည်း ဆက်လက် သိရှိရပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers