www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
MRTV ၏လုပ်ရပ် Thursday, May 30, 2013

MRTV ၏လုပ်ရပ်

ဗမာအစိုးရပိုင် ရုပ်မြင်သံကြားဖြစ်သော MRTV မှ မေလ (၂၉) ရက်နေ့တွင် ထုတ်လွင့်သွားသော ရုပ်မြင်သံကြား သတင်းတွေ မှားယွင်းမှုများစွားနှင့် ထုတ်လွှင့်သွားကြောင်း သိရှိရပါသည်။ ဗမာအစိုးရ ကိုယ်စားလှယ်များနှင့် ကေအိုင်အိုအစိုးရ ကိုယ်စားလှယ်များ ပျဉ်းမနားမြို့တွင် တွေ့ဆုံ ဆွေးနွေးသွားကြောင်း သတင်းတွင်ဖော်ပြထားပါသည်။ ဗမာအစိုးရကိုယ်စားလှယ်များ၏ နာမည်များကို ချောချောချူချူရွတ်ဖတ်သွားပြီး ကေအိုင်အိုအစိုးရ ကိုယ်စာလှယ်များ၏ နာမည်များကို ထိန်ချန်ခဲ့ကြောင်း၊ ဗိုလ်ချုပ် ဆွမ်းလွတ်ဂမ် ဟုနာမည်အမှားကို လွှင့်ထုတ်သွားကာ၊ ထိုနာမည်အမှားကိုပင် ထစ်ထစ်ငေါ့ငါ့ဖြင့် သတင်းကြေငြာသွားကြောင်း တွေ့မြင်ရပါသည်။ ဗိုလ်ချုပ် ဆွမ်းလွတ်ဂမ် ဆိုသောနာမည်သည် ကေအိုင်အို၊ ကေအိုင်အေ အစိုးရတွင် မရှိခဲ့သော၊ မရှိသေးသော နာမည်ဖြစ်ပါသည်။ နှောက်ပြီး တွေ့ဆုံပွဲ ဓါတ်ပုံများကိုလည်း တွေ့ဆုံပွဲက ဓါတ်ပုံများ မဟုတ်ပဲ ဗမာအစိုးရကိုယ်စားလှယ်များ ကချင်နှစ်ခြင်းခရစ်ယာန် ခေါင်းဆောင်များနှင့် သွားရောက် တွေ့ဆုံစဉ်က ပုံများကိုတာ တင်ပြသွားသည်။ ထိုထုတ်လွှင့်သွားသော ဓါတ်ပုံများပြင် ကြည်လင် ပြတ်သားမှုမရှိ၊ မှုံဝါးဝါ ဓါတ်ပုံများကိုတာ ထုတ်လွှင့်ပြသသွားသည်ကို တွေ့ရှိရပါသည်။ သတင်းစဉ်တစ်လျှောက်တွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဟုသာ ခဏခဏထည့်လွှင့်နေကြောင်း တွေ့ရှိရပါသည်။ ကေအိုင်အိုအစိုးရ ကိုယ်စားလှယ်များနှင့် ဗမာအစိုးရ ကိုယ်စားလှယ်များ၏ ယခုတွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မဟုတ်ပဲ၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ သာဖြစ်ပါသည်။

နိုင်ငံပိုင်မီဒီယာဖြစ်သော MRTV ၏ လုပ်ရပ်သည် ကေအိုင်အိုအစိုးရနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အလေးအနက်မထားတဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဗမာအစိုးရအနေနှင့် စစ်မှန်သည် ငြိမ်းချမ်းရေးကို လိုလားမှု မရှိကြာင်းကို ပြသရာရောက်ပါသည်။ နိုင်ငံပိုင်မီဒီယာ၏ ဤလုပ်ရပ်သည် ကေအိုင်အိုအစိုးရနှင့် ကချင်လူထု တစ်ရပ်လုံးကို မထီမဲ့မြင် စော်ကား လိုက်ခြင်းဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောကြားလာပါသည်။ ဗမာအစိုးရ၏ ဤလုပ်ရပ်သည် ကချင်လူထု တစ်ရပ်လုံကို ဒေါသဖြစ်စေခဲ့ယုံမက၊ ကချင်လူထုက ဗမာအစိုးရကို အယုံအကြည် ပိုမိုကင်းမဲ့လာအောင် လုပ်ဆော်ခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံကပဲ ဆက်လက်ပြောကြားသွားပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers