www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ကေအိုင်အိုကိုယ်စားလှယ်များအား ပြည်သူလူထုမှ သောင်းသောင်းဖြဖြ ကြိုဆို Monday, May 27, 2013

ကေအိုင်အိုကိုယ်စားလှယ်များအား ပြည်သူလူထုမှ သောင်းသောင်းဖြဖြ ကြိုဆို

မေလ(၂၇)ရက်နေ့ မွန်းလွဲ ၁၂း၃၀ ခန့်တွင် ကချင်ပြည် မြို့တော် မြစ်ကြီးနားသို့ ရောက်ရှိလာသော  ကချင်လွတ်လပ်ရေး အဖွဲ့(ကေအိုင်အို) ကိုယ်စားလှယ်များကို ထောင်ပေါင်းများစွာသော မြစ်ကြီးနားမြို့ခံ ပြည်သူလူထုမှ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ (ကေအိုင်အို ပညာရေးဌာန တာဝန်ခံ) ဆရာကြီး ဆွမ်လွတ်ဂမ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဆွမ်လွတ်ဂွမ်မော်တို့  ဦးဆောင်သည့် ကချင် ကိုယ်စားလှယ် အဖွဲ့သည် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် မြန်မာအစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

စိတ်အားထက်သန်နေသော မြစ်ကြီးနားမြို့ခံ ပြည်သူလူထုအများအပြားတို့သည် ကချင်အမျိုးသားအလံ ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီများ ၀တ်ဆင်ကာ နံနက်(၉)နာရီမှ စတင်ပြီး လမ်းမပေါ်သို့ စုဝေးရောက်ရှိနေကြသည်။ “ကချင်ဝတ်စုံ၊ ကချင်အမျိုးသားအလံနဲ့ အင်္ကျီဝတ်ထားတဲ့ လူတွေကို မနက်အစောကြီး ကတည်းက တွေ့နေရတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။ ကေအိုင်အို ကိုယ်စားလှယ်များကို ကြိုဆိုသည့် လူတန်းမှာ ၀ိုင်းမော်မြို့နယ်မှ စတင်ကာ ဆွေးနွေးပွဲ ကျင်းပမည့် မြစ်ကြီးနား မနောကွင်းထိတိုင်အောင် ရှည်လျားသည်။ လူထုတွေ့ဆုံပွဲကို မေလ(၂၉)ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည်။

လာရောက်ကြိုဆိုကြသည့် လူအုပ်ထဲတွင် စစ်ပြေးဒုက္ခသည်များလည်း ပါဝင်သည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်ကာ ပြန်လည်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် စစ်ပြေးဒုက္ခသည်များမှာ မိမိတို့၏ နေအိမ်များကို စွန့်ခွာကာ မြစ်ကြီးနားနှင့် အခြားမြို့များသို့ တိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။ ထောင်ပေါင်းများစွာသော လူအုပ်ကြီးမှာ ကချင်အမျိုးသားသီချင်း(National Anthem)ကို သီဆိုကြသည်။ “ခေါင်းဆောင်များကို ကြိုဆိုပါသည်”၊ “ကေအိုင်အို/ကေအိုင်အေ ကို ချစ်နှစ်သက်တယ်”၊ “လုံးဝ ထောက်ခံတယ်”၊ “ကချင်ပြည်ကို ဘုရားသခင် ကောင်းချီးပေးပါစေ”၊ “ကုလသမ္မဂကို ကျေးဇူးတင်ပါတယ်” စသည့် စာတန်းပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်သံများကို ဟစ်ကြွေးကြသည်။ ကေအိုင်အိုယာဉ်တန်း မနောကွင်းအတွင်းသို့ ၀င်ရောက်လာသည်နှင့် တပြိုင်နက် လူထုက မိုးချုန်းသံကဲ့သို့သော လက်ခုပ်သြဘာများဖြင့် တခဲနက်အားပေးကြသည်။

ကေအိုင်အိုသည် ကချင်လူထုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းမဟုတ်ကြောင်း၊ လက်နက်ကိုင် သူပုန်အဖွဲ့ငယ်သာ ဖြစ်ကြောင်း မြန်မာအစိုးရ အရာရှိများမှ မကြာခဏ ပြောကြားလေ့ရှိသည်။ မိမိတို့ ကချင်လူမျိုးများသည် ကေအိုင်အို/ကေအိုင်အေနှင့် တစ်သားတည်းဖြစ်သည်ကို ဖော်ပြရန် ယခင်က အသုံးပြုခွင့် ပိတ်ပင်ထားသည့် ကချင်အမျိုးသားအလံ အင်္ကျီများဝတ်ဆင်ကာ ပြသခြင်း ဖြစ်ကြောင်း၊ ကေအိုင်အို/ကေအိုင်အေကို ထောက်ခံသည့် ကြွေးကြော်သံများ ဟစ်ကြွေးခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံ တစ်ဦးက ပြောသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers