www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
မိုက်မဲသောအစိုးရစစ်သား တစ်ချို့ကြောင့် ခရီးသည်များစိတ်ညစ်ရ Monday, April 22, 2013

မိုက်မဲသောအစိုးရစစ်သား တစ်ချို့ကြောင့် ခရီးသည်များစိတ်ညစ်ရ

ကျွန်တော် ဒီညနေ မြစ်ကြီးနား ပြန်ရောက်သည်။ လွယ်ဂျယ်မှ ပြန်လာခဲ့သည်။ အစိုးရနှင့် KIO တို့ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး မတ်လ (၁၈) ရက်နေ့ မှစ၍ဗန်းမော်- မြစ်ကြီးနား ကားလမ်းပြန်လည် ဖွင့်လှစ်ပြီ ဖြစ်ကြောင်းသိ၍ ပြန်လာခြင်း ဖြစ်သည်။ ဗန်းမော်-လွယ်ဂျယ်ခရီးကို ဗင်ကား နှင့် စီးခဲ့ရာ စစ်တပ်ဂိတ် များစွာ ဖြတ်ခဲ့ရသည်။ အချို့ဂိတ်များ တွင် ယာဉ်မောင်း သတင်းပို့ခြင်းမှ အပစစ်ဆေး မေးမြန်းခြင်းမရှိ၍ တိုးတက် ပြောင်းလဲလာသော အစိုးရတပ်ကိုချီးမွမ်းချင် စိတ်နှင့် မိုးမောက်မြို့သို့ ချဉ်းကပ်လာခဲ့သည်။ ပြသနာစပြီ။ မိုးမောက်မြို့ အ၀င်အောက်ချိုင့် ကဣိလ်ပင် ရိပ်တန်းအောက်တွင်အရပ်ဝ
တ်ဖြင့် လူ (၁၀) ဦးခန့် ကားတားသည်။ စွမ်းအားရှင်များလော၊ လက်ပါးစေများလော၊ သေချာမသိပါ၊ ခရီးသည် ပြည်သူတွေကို ကူညီသူများ မဟုတ်မှန်းတော့ သူတို့၏ မျက်နှာ၊ အမှုအရာများကြောင့် သိရသည်။ လူငယ်များ ဖြစ်ကြသည်။ အရပ်ကောင်းကောင်း နှင့် လူတစ်ယောက် ရုပ်ရှင်ထဲက ဓမြ ဗိုလ်စတိုင် နှင့် ကားရှေ့ခါးထောက်ရပ်ပြီး ခရီးသည်များ ကို သားကောင် ပမာ စူးစိုက် ကြည့်နေသည်။ တလောကလုံး သူ့ဆန်စား နေတဲ့ သူများ ဟုစိတ်ထင်နှင့် သွေးနားထင် ရောက်နေ တဲ့ ဂိုက်အပြည့်။ တပည့် လက်ပါးစေများ စတင်လှုပ်ရှား ကြသည်။ မှတ်ပုံတင် စစ်သည်။ လူကိုမေးသည်။ ကချင်ကို စပါယ်ရှယ် စစ်သည်။ လက်ဆွဲအိတ်များကို အစိတ်စိတ်အမွှာမွှာ စစ်သည်။ Glue Stick ဟုစာတန်းပါသော ကော်ချောင်းကို ပင်လျှာ နှင့် လျှက်ကြည့်သည်။ သနားစရာသကောင့် သားပေတည်း။ ပြည်သူကိုသရေခံ (တရားခံ) လိုဆက်ဆံသည်၊ ပြောဆိုဆက်ဆံခြင်းအရာမှာ စာသင်ကျောင်းနှင့် ကင်၊ ဝေးနေ ကြပုံများ။ ကိုယ့်မိဘ မောင်နှမများကို သူတို့လုပ်ပုံနဲ့များ ဆိုရင်နေသာပါ့မလား၊ ဒါတွေသူတို့ သိပုံမရ၊ အဏာပါးကွက်သား လုပ်ရာမှာ နေသား ကျပျော်မွေ့နေ ကြသည်၊ ပြုံးပျော်ချိန်ရှိ ပါ့မလား မပြောတတ်၊ ကျွန်အားရအောင် စစ်ပါသော်လည်း အပြစ်ရှာမတွေ့တော့ အီးနင်းမျက်နှာ နှင့် ပြန်လွတ်လိုက် ရသည်။ ခါးထောက်ရပ်နေသည့် သကောင့်သား ဂါမဏိ သဘောတွေ့ပုံမရ။

ထိုည ဗန်းမော်မြို့မှာ တည်း ခိုခဲ့သည်။ နောက်နေ့ ဗန်းမော်-မြစ်ကြီးနား ဗင်ကား ဖြင့် ခရီးဆက် ခဲ့သည်။ ဂိတ်ပေါင်း (၃၀) ကျော်ရှိကြောင်း ကားဆရာမှ သိရသည်။ မှန်လိုက်လေခြင်း၊ ငယ်စဉ်ခါ ကျက်မှတ် ဖူးသည့် (၁၂)လက်မတစ်ပေ၊ (၃) ပေ တစ်ကိုက်ဆိုတဲ့ (မတ္တရစ်) အတိုင်းအတာ ကိုသတိရသည်၊ မြန်မာ အတိုင်းအတာမှာ (၃) ပေ တစ်ကိုက်အစား၊ (၃) ပေ တစ်ဂိတ် ဟုပြောင်းလဲ ကျက်မှတ်ကြပါကုန်။ ပေါလိုက်တဲ့ ဂိတ်၊ (၁၅) ပေ ခန့်ရှိ တဲ့ တံတား ၂ ဖက်စ လုံး ဂိတ်ရှိသည်။ စစ် ဆေး ကြသည် အဟုတ်။ ကားဆရာ က ခရီးသည်များ ရဲ့ အမည်၊ မှတ်ပုံတင်၊ လူမျိုး၊ အဘအမည်၊ နေရပ် လိပ်စာ၊ ယာဉ်အမှတ်၊ ယာဉ်မောင်း (data) အစုံ ကိုပုံစံဖြည့်ပြီးမိတ္တူ အစောင် (၃၀) ထက်မနည်း ဆောင် ယူပြီး ဂိတ် တိုင်းပေးရသည်။ တချို့ဂိတ်များ၌ မှတ်ပုံတင်စစ်သည် (တရုတ် မှအပတိုင်းရင်းသား အားလုံး စစ်ခံရသည်။ တရုတ်များ ပိုက်ဆံပါရသည်)။

ယဉ်ကျေးစွာဆက်ဆံ စစ်ဆေး သည် လူယဉ်ကျေး စစ်သားများလည်း ရှိ ကြသည်။ ကြည်ဖြူသည်၊ ပြသနာမရှိ၊ ဒီလိုနဲ့ချီးမွမ်းခန်းဖွင့်မယ်ကြံနေတုန်းဟော့ ကစူး တံတားနားကစစ်တပ်ဂိတ်ရောက်ခဲ့ ပြီ။ ဘယ်မိဘကမွေးတဲ့ရဲဘော်မှန်း မသိကြုံးဝါးပြန်ပြီ၊ “အားလုံး မှတ်ပုံတင်ကိုင်ပြီးဆင်းခဲ့ကြ” တဲ့၊ မောက်မာရိုင်းစိုင်းမှု အပြည့်၊ ကင်းတဲအတွင်းထိုင်နေရာက မထအော်ငေါက် နေ ချေပြီ။ ခရီးသည် များမှာ ထိုရဲဘော်၏ စစ်အာဏာ အမိန့်တော် အတိုင်း ယာယီတရားခံ ဖြစ်ရပြန်သည်၊ မှတ်ပုံတင်ကြည့်သည်၊ လူ့မျက်နှာကို ကိုက်ဖြဲမတတ် ကြည့်သည်၊ ခက်ထန်စွာမေး မြန်းစစ်ကြောသည်၊ “ကချင်” ဆိုတာနဲ့ သေနတ် ဘယ်မှာ ထားခဲ့သလဲမေးသည်။ ကားပေါ်မှ ပစ္စည်းများမြေလှန်ရှာဖွေကြသည်။ အပြစ်ရှာ မတွေ့တဲ့အဆုံး ပြန်ထွက်ခဲ့ရသည်။

ထိုထိုကဲ့သို့ သောရိုင်းရိုင်းဆက်ဆံမှုများကို ခံခဲ့ရပါသော်လည်း “သြော်-သူတို့လက်မှာ သေနတ် ကိုင်ထားတာကိုး” ဟုသာ ကြိတ်မှိတ် ဖြေသိမ့်ရင်း မြစ်ကြီးနား မြို့သို့ရောက်ခဲ့ရပါသည်။
စဉ်စားသင့်သည်မှာ ဤကဲ့သို့ စစ်အနိဌာရုံ ထူထပ်သောလမ်း ခရီးကိုသတင်း ကြား ရုံဖြင့် ပင်သွား လာဝံစရာ အကြောင်း မရှိပါ။ မလွဲမရှောင်သာ၍သာ အရဲစွန့် သွား လာ ကြသူများ သာ ဖြစ်ကြသည်။ ပျော်ပွဲစား ထွက်သူများ၊ သင်္ကြန်ရေပက်ခံ ထွက်သူများ မဟုတ်ပါ။ ကုန်ကူး သူများ ပင်မပါကြပါ။ စစ်ဆေးခြင်း ဆိုရာ မှာ လည်း ဘာကို စစ်ဆေးသည် အဖြေမသိ၊ လက်နက်လည်း ပြည်သူမှာမရှိ၊ မူးယစ်ဆေးဝါး ကုန်ကူးတာလည်း ပြည်သူနဲ့မဆိုင်၊ အာဏာရစစ်ခေါင်း ဆောင်အချို့လေလံဆွဲလိုက်ကြပြီး အထူးယာဉ်တန်း၊ ရဟတ်ယာဉ်များဖြင့် ဖြန့်ဖြူး ကြကြောင်း အားလုံးအသိ ဖြစ်သည်။ လက်နက်နှင့် အာဏာရှိ သူများ ရဲ့စီးပွား ရေးသာ ဖြစ်သည်။ ပြောပြလိုက် ဦးမည် မူးယစ်ဆေးဝါးရှာ ဖွေပါက အစိုးရထိန်ချုပ်မြေဖြစ်တဲ့ ဆထုံးနယ်၊ ကန်ပိုက်တီနယ်၊ စင်ကြိုင်နယ် တစ်လျှောက်ဘိန်းခင်းများ လမ်းဘေးဝဲယာရှုမငြိးဖွယ်ရှိသည်။ မြန်မာ စိုက်ပျိုးရေးစီမံကိန်းမှာ ဘိန်းခင်းအောင်မြင်သင့်၊  မြန်မာ့ဘိန်းများ ကမ္ဘာမှာလွမ်း စေရမည်ဆောင်ပုဒ် စိုက်ထူသင့်သည်။

KIA  ကိုရှာ ဖွေသည်ဆိုပါကလည်း အဓိပ္ပာယ်မရှိပြန်၊ တကမ္ဘာလုံးရှိကချင်များ KIA သာဖြစ်ကြောင်းမှတ်သား သင့်ပေသည်။ တိုင်းရင်းသား အားလုံးသူပုန်ဟုမှတ် ယူနိုင်သည်၊ နိုင်ငံသားအားလုံးစစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်ကြသူများ သာဖြစ်ကြသည်။ ၁၇ (၁) ပုဒ်မ တပ်မည်ဆိုပါကလည်း ဦးအောင်မင်း တို့ငြိမ်းချမ်းရေးဖော်ဆောင် သူများကို အရင်ဖမ်းချုပ်သင့်သည်။ သူပုန်ခေါင်းဆောင်များနှင့် တွေ့ဆုံသူများ၊ ရင်းနှီးသူများ ဖြစ်ကြသည်။

ဖော်ပြခဲ့သော အရာများ သည်လမ်းခရီးအစဉ်မပြေမှုမှ ယိုစီးလာသောနာကျည်း မှုအပိုင်းအစမျှသာဖြစ်သည်။ အိမ်ပြန်ရောက်ပြီး ဖန်သား ပြင်ဟိုဟို ဒီဒီ ကလိကြည့်တော့ “ဧရာဝတီ” ဆိုတဲ့ ကလောင်နဲ့ရေးထားတဲ့ “ကချင်စစ်ပွဲများအပြီးလမ်းပမ်းဆက်သွယ်ရေး”  ဆိုတဲ့စာမူကိုထောက်မိတယ်၊ (data) စုံလင်စွာ  နဲ့ ဖော်ပြထားတာကို တွေ့ရတယ်၊ ထောက်ခံပါတယ်၊ ဒါပေမဲ့ “လမ်းမှာအစစ်အဆေး တော့ထင်သလောက်မများပါဘူး” ဆိုတဲ့စာကြောင်းလေးကို ဆန့်ကျင်ရင်းနားကျည်းချက်ကို အဆုံးသတ် လိုက်ရပါတယ်ဟူလတ္တံ့။

(ဒွတ္တဘောင်)
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers