www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
သမ္မတကြီးအားအိပ်ဖွင့်ပေးစာ Tuesday, March 12, 2013

သမ္မတကြီးအားအိပ်ဖွင့်ပေးစာ

လေးစားအပ်ပါသောသမ္မကြီးခင်ဗျား၊

သမ္မတကြီး၏လုပ်ဆောင်ချက်များဖြစ်သော နှိင်ငံတကာဆက်ဆံရေး၊ စီးပွါးဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ သတင်းမီဒီယာလွတ်လပ်လာမူ အစရှိတဲ့ ပြောင်းလဲလာနေတဲ့အပေါ်မှာ ပြည်သူတယောက်အနေနဲ့ ၀မ်းသာမိပါသည်။ သို့သော် တိုင်းရင်းသားတို့၏ အရေးနှင့် ပတ်သက်သော ဖြေရင်းချက်ကိုတော့ မထောက်ခံနှိင်ပါ၊ ယခုလက်ရှိအစိုးရသည် တိုင်းရင်းသားတို့အပေါ်မှာ ထားရှိသော အခြေခံစိတ်ဓါတ်ကိုပင် မှားယွင်းနေသည်ကို ထင်ရှားစွာ တွေ့မြင်နေရပါသည်။ ယခုလက်ရှိ အစိုးရသွားနေသောခြေလှမ်းကို ထောက်ကြည့်ရာမှာ မရိုးသားဘူးလို့ဘဲမြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် တဖက်မှာဆွေးနွေးပွဲ၊ တဖက်မှာ အပြီးခြေမူန်းရေးကို ဆက်လက် လုပ်ဆောင်နှိင်ရန် လမ်းစဖေါ်နေသည်ကို တွေ့ရပါသည်။ ဥပမာ… စစ်မြေပြင်သို့ စစ်သည်အင်အား၊ ရိက္ခာ၊ ခဲယမ်းမီးကျောက် နေ့စဉ်နှင့်အမျှပို့နေခြင်း၊ ယခုဥရောပခရီးစဉ်၏ နောက်ကွယ်မှာလည်း ဥာဏ်နီဥာဏ်နက်ပါနေသည်ကို တွေ့ရပါသည်။ အမှန်တကယ် တိုင်းရင်းသားတို့၏ အရေးကို အမှန်တရားပေါ်မှာ အခြေခံပြီးဖြေရင်းမယ်ဆိုလျင် လွယ်လွယ်လေးပါ၊ နဂိုမူလစာချုပ်ဖြစ်သော ပင်လုံစာချုပ်ပေါ်မှာ အခြေခံပြီး ဆွေးနွေးလိုက်ပါက နေ့ခြင်းညခြင်း တိုင်းပြည်ငြိမ်းချမ်းသွားနှိင် မည်ဟု ယုံကြည်မိပါသည်။

အကယ်၍ပင်လုံစာချုပ်ကို မျက်ကွယ်ပြု ဆွေးနွေးကြမည်ဆိုပါလျင် ပြသာနာမရှင်းနှိင်ဘ၊ဲ ပြည်တွင်းစစ်သာဖြစ်ပွါးသွားနှိင်သည်။ အစိုးရ လျို့ဝှက်ကြံစည်နေသော အမြစ်ပြတ်ခြေမူန်းရေးသည် လုံးဝမဖြစ်နှိင်ပါ၊ တိုင်းပြည်၏ ဘဏ္ဍဖြုန်းတီးမူသာဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသား လူမျိုးစုတိုင်းမှာ ဖျောက်ဖျက်မရနှိင်သော သမိုင်းကိုယ်စိရှိနေကြပါသည်။ 

(၁) ၄င်းမှာရှေးခေတ် ဒုတ်၊ ဒါး၊ လှံခေတ်ကတည်းက၊ ကျွန်တော်များတို့၏ ဘိုး၊ ဘေး၊ ဘေ၊ ဘင်များတို့၏ သွေး၊ ချွေး၊ အသက်ပေါင်းများစွာနှင့် ပေးဆပ်ကာ ရယူထားသောမြေဖြစ်သည်။ 
(၂) ကျွန်တော်များ တိုင်းရင်းသားတို့သည် ဗမာလူမျိုးများနှင့် အတူလွတ်လပ်ရေးကို ၁၉၄၈ ဇန္နဝါရီ (၄) ရက်နေ့၌ ရယူခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ ပင်လုံစာချုပ်ကြောင့်ဖြစ်သည်။ တကယ်လို့သာ ပင်လုံစာချုပ် မရှိခဲ့သော် တိုင်းရင်းသား တို့သည် ဗမာလူမျိုးများနှင့်အတူ လွတ်လပ်ရေးယူစရာ အကြောင်းမရှိပါ၊ ထို့ကြောင့် ပင်လုံစာချုပ်သည် တိုင်း၇င်းသားတို့၏ အသက်သွေးကြောဖြစ်သည်။ ယခုကဲ့သို့ အတွင်းကြံကြံပြီး ဆက်လက်လုပ်ဆောင်သွားမည်ဆိုပါလျင် စည်းလုံးညီညွတ်မူ ပြိုကွဲသွားအောင် အစိုးရကိုယ်တိုင် တွန်းပို့နေသလိုဖြစ်နေပါသည်။ ငြိမ်းချမ်းခြင်းကို၊ အမှန်တရားကိုဖုံးကွယ်ခြင်းဖြင့် မရနှိင်ပါ၊ အမှန်ကိုအမှန်အတိုင်း လက်ခံနှိင်မှသာ စစ်မှန်သော ငြိမ်းချမ်းရေးရနှိင်မည်ဖြစ်သည်။

အထက်ဖေါ်ပြပါအချက်တွေပေါ်မှာ လေးလေးနက်နက် ထောက်ရှု စဉ်းစားစေလိုပါကြောင်း လေးစားစွာဖြင့်တင်ပြလိုက်ပါသည်။

ထွန်းတောက်
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers