www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
 အောင်မြင်သာစံပြကျေးရွာ လေပြင်းတိုက်ခတ် လူနေအိမ်များပျက်စီး Monday, March 18, 2013

အောင်မြင်သာစံပြကျေးရွာ လေပြင်းတိုက်ခတ် လူနေအိမ်များပျက်စီး

မတ် (၁၈) တနင်္လာ
မတ်လ ၁၈၊ ၂၀၁၃ခု၊ နံနက် ၅း၃၀ နာရီတွင် မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းစခန်း (အောင်မြင်သာစံပြကျေးရွာ)မှာ ရိုးရိုးလေပြင်းတိုက်ခတ်သောကြောင့် လူနေအိမ်များပျက်စီးသွားသည်။   

အဆိုပါအောင်မြင်သာစံပြရှိ နေအိမ်များကို CPI နှင့် Asia World Company မှ နဂိုနေအိမ်ထက် ခိုင်ခန့်အောင် တည်ဆောက်ပေးထားတယ်ဟု ပြောဆိုခဲ့သော်လည်း ယခုအောင်မြင်သာကျေးရွာကို တည်ဆောက်ခဲ့သော (၂)နှစ်သာအတောအတွင်းမှာပင် လေတိုက်ခတ်ခြင်းကြောင့် အိမ်ခေါင်မိုးလွင့်ပျံခြင်း။ ပျက်စီးခြင်း။ အိမ်၊အဆောင်များယိုင်နေခြင်း၊ မိုးရွာသောအခါ အိမ်ခေါင်မိုးမလုံသောကြောင့် မိုးရေစီမ့်ခြင်း၊ ရေကြီးသောကြောင့် လူနေအိမ် မြေအောက် ကြမ်းပြင်များတွင် ရေဖုံးလွမ်းနေသည်။ 

ထို့ကြောင့် ရွာသားများဆင်းရဲဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်စားသောက်ရန်နေရာအခင်းများမရှိခြင်း၊ ၀မ်းရောဂါ၊ ငှက်ဖျား၊ တုပ်ကွေး၊ လေဖြတ်ခြင်း၊ စိတ်ရောဂါခံစားနေရခြင်း စသော ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွာလာနေသည်။ 

ဒီမနက်လေတိုက်၍ အိမ် ၄ အိမ်ပျက်စီးသွားသည်။ နေအိမ်ပိုင်ရှင်များမှာ ဦးကင်ဂျီ ယော်ရှု၊ ဦး အင်ဂျုံ ဆင်ဝါး၊ ဦး ၀ဂျော့နော် နှင့် ဦးကင်ဂျီနော် တို့အိမ်းများဖြစ်ကြောင်း။

ဆက်လက်၍ ဒီထက်ပိုသော လေပြင်တိုက်ခတ်ပါက အောင်မြင်သာကျေးရွာမှ နေထိုင်သော ရွာသားများသည် ဒုက္ခဆင်းရဲပေါင်းစုံနှင့် ရင်ဆိုင်နေရဖွယ်ရှိကြောင်း၊ မိမိဒေသမြစ်ဆုံဧရိယာသို့ ပြန်နေရန်ဆန္ဒရှိသော်လည်း တရားဝန်ပြန်နေခွင့်မရှိသေးသော်ကြောင့် မပြန်နိုင်ဘူး၊အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် သမ္မတသိန်းစိန်၏ ရေကာတာတည်ဆောက်ခြင်း ရပ်ဆိုင်းခြင်းကို သံသယရှိဖွယ်ဖြစ်သည်”ဟု ဒေသခံတဦးက ပြောသည်။

တစ်ဖက်မှာလည်း မြစ်ဆုံဒေသတွင် Asia world နှင့် CPI မှသိမ်းယူထားသော ဒေသခံများ၏ တောင်ယာ၊ လယ်ယာအခင်းများကို ဆီးဆန်းစတားကုမ္ပဏီပိုင်ရှင်၊ ပြည်သူ့လွှတ်တော်၊ ဆွမ်ပရာဘွမ်မြို့နယ် မဲဆန္ဒနေမြေလွှတ်တော် အမတ် ဦးခမိုင်တန်မှ ထပ်မံသိမ်းဆည်း၍ပြောင်သလင်းရှင်းနေသည်ကို တွေ့ရှိရသည်။ 

“မိမိနေရာဟောင်းသို့ ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရန် ရှေတိုးရင်လည်းတန်ပိုး၊ နောက်ဆုတ်လည်းဆိုး ဆိုသလို အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်” ဟုဆိုသည်။ KDNG
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers