www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
တပ်မတော်စစ်တပ်မှ ပြည်သူတစ်ဦးအား ဖားကန့်တရားရုံးတွင်တရားစွဲဆို Monday, March 11, 2013

တပ်မတော်စစ်တပ်မှ ပြည်သူတစ်ဦးအား ဖားကန့်တရားရုံးတွင်တရားစွဲဆို

ဖားကန့်ဗျူဟာကုန်းရှိ တပ်မတော်စစ်တပ်မှ (ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန်) ၏ဖခင်အားပုဒ်မ (၂၁၁) မတရား စွပ်စွဲမှု ဖြင့် ဖားကန့်တရားရုံးတွင်တရားစွဲ ဆိုလိုက်ကြောင်း မဂျာဆိုင်းအိန်၏ ဖခင်ပြောပြချက်အရ သိရှိရပါသည်။
မဂျာဆိုင်းအိန်အား ဖားကန့်ဗျူဟာကုန်းမှ စစ်သားများကျောင်းမှအပြန်တွင် ပစ်သတ်ခဲ့သည်နှင့် ပတ်သတ်၍ ဗျူဟာကုန်းတပ်အား မတရားစွပ်စွဲသည်ဟု တရားစွဲခြင်းဖြစ်ကြောင်းကို “ရုံးချိန်းခေါ်တဲ့စာအိမ်ကိုရောက်လာတယ်။ တနင်္လင်္ာနေ့မှာ ဒုမြို့နယ်တရားသူကြီးဦးထွန်းနိုင်ရဲ့ ဆိုင်းနဲ့စာ ရောက်လာတယ်” ဟုမဂျာဆိုင်းအိန်၏ ဖခင်ကပြောသည်။ မဂျာဆိုင်းအိန်အား စက်တင်ဘာ (၁၃) ရက် ၂၀၁ ၂ခုနှစ်တွင် ဖားကန့်အထက်တန်းကျာင်းမှ ပြန်လာသောအချိန်တွင် ဗုံးပေါက်ကွဲပြီး တပ်မတော်သား အချင်းချင်းမှားယွင်း ပစ်ခတ်မှုဖြစ်နေချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။
ထိုသေဆုံးမှုနှင့်ပတ်သတ်၍ ဖခင်ဦးဘရန်ရှောင်သည် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အား တိုင်တန်းခြင်း၊ နိုင်ငံတော်သမ္မတအားစာပို့ခြင်း များပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ဖခင်ဦးဘရန်ရှောင်သည် ဖားကန့်တရားရုံး တွင်တရားရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers