www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

လီဆူးပြည့်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေးရန် ဗမာစစ်တပ်ကြိုးပမ်း

ဖေဖော်ဝါရီ (၁၉) ကြာသာပတေး
ကေအိုင်အို၊ ကေအိုင်အေကို အမြစ်ပြတ်ချေမုန်းရန်အတွက်၊ ဗမာ့တပ်မတော်၏ နောက်ဆုံး ကြိုးပမ်းချက်အနေဖြင့် ကချင်ပြည်နယ် အရှေ့မြောက်ဖက် ဖီမော် ဒေသတွင် လီဆူးတိုင်းရင်းသားများအား အစိုးရ စစ်တပ်မှ လက်နက်တပ်ဆင်ပေးပြီး ပြည်သူ့စစ် တပ်ဖွဲ့ကို ဖွဲ့စည်းပေးကာ အိမ်ကြက်ချင်း အိုးမဲသုတ် ခွတ်ခိုင်းမည့်အစီအစဉ်ကို ကာကွယ်ရေးဦးစီးချုပ်မှ စီစဉ်ဆောင်ရွက်နေသည်။

ပြည်သူ့စစ် (လီဆူး) ဖွဲ့စည်းရန် ကာကွယ် ရေးဦးစီးချုပ်မှ ခွင့်ပြုခဲ့ကြောင်းသိရသည်။ ကချင်ပြည်နယ် အရှေ့မြောက်ဖက် ဖီမော် ဒေသတွင် ဖေဖ၀ါရီလကုန်တွင် လက်နက်များ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရပါသည်။

လီဆူးလူမျိုး လူငယ်အယောက် (၁၀၀) ကျော်ကိုစုဆောင်းထားပြီးဖြစ်ကြောင်း သိရပါသည်။ ဖေဖ၀ါရီလ ကုန်တွင် လက်နက် တစ်ရာကျော် ပေးပို့ရန် ကာချုပ် မှခွင့်ပြုပြီးဖြစ်ကြောင်းသိရသည်။

လီဆူး ပြည်သူ့စစ်ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်မှာ ကေအိုင်အို ကေအိုင်အေကို အမြစ်ပြတ်ချေမုန်းရေး အစီအစဉ်တွင် အထောက်အကူဖြစ်ဖို့ရန်ဖြစ် နိုင်ကြောင်းသိရသည်။

ကချင် တိုင်းရင်းသားညီနောင်များကြား သွေးခွဲ သပ်သျှို ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers