www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

တန်ဖိုး

 ဒို့ကို BGF လက်ခံဖို့ (ဝါ) ကျွန်ခံစေဖို့၊ ကလေး ကလားဆန်ဆန် မြူဆွယ် ခဲ့ကြတယ်။ ဒို့ကလေးမှ မဟုတ်တော့တာ။

သူ့ကျွန် မခံချင်လို့ (ဝါ) အဖိနှိပ် မခံချင်လို့ ကိုယ်ပိုင် အုပ်ချုပ်မှု ရရှိဖို့ တော်လှန်ရေး လုပ်လာတာ အနှစ် ၅၀ ကျော်ပြီဘဲ။ အခုတောင် ၅၃ နှစ်ရှိသွားပြီ။

အဲဒီတော့ - မုန့်ကျွေးတာ မစားချင်ရင်၊ ဒုတ်ကျွေးရလိမ့် မယ်လို့ မင်းအောင်လှိုင်က ခြိမ်းခြောက်တယ်။

အဒန်ဖုန်တို့ အဖွဲ့ ဌာနေပြည်သူ့စစ် လက်ခံတုန်းကရယ်၊ ပန်ဝါ - ဇခုန်တိန့်ယိန်းတို့ BGF လက်ခံတုန်းကရယ်၊ မြစ်ကြီးနားမှာ နိုင်ငံတော် ဝန်ကြီးချုပ် အဆင့်နဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန် နှုတ်မြွတ် စကား၊ “အရှေ့တောင် အာရှမှာ။ ကေအိုင်အို ကို စံပြ အဖြစ် အပြတ်ရှင်းပြမယ်” လို့ ကြေငြာခဲ့တယ်။

၁၇ နှစ်လုံးလုံး ငြိမ်းချမ်းရေး ဆိုပြီး၊ သူတို့ ကတိတွေ အကြိမ်ကြိမ် ဖျက်ကာ ကမ္ဘာမသိအောင် ငါတို့ရဲ့ မျိုးချစ်ရဲဘော်တွေနဲ့ ပြည်သူတွေကို ခိုးခိုးပြီး နှိပ်စက် ညှင်းပမ်း သတ်ဖြတ်ခဲ့ကြတယ်။

ကတိဖျက်ပြီး၊ အချို့ ပြည်သူတွေရဲ့ လယ်ကွက်များ သိမ်းပိုက်ပြီးတော့ တပ်နယ်မြေ အုတ်တံတိုင်းကြီး ခတ်လိုက်ကြတယ်။

ကချင်ပြည်ရဲ့ မြေပြန့်ဖြစ်တဲ့ မြစ်ကြီးနား - ဗန်းမော်လမ်း၊ မြစ်ကြီးနား - မန္တလေးလမ်း တောက်လျှောက် ၂ မိုင် မခြား စစ်တပ်တွေ ပြည့်သွားပြီ။ မြေရိုင်း မှန်သမျှ ဧက ၂၀၀-၃၀၀ ဗိုလ်ချုပ်များ အမည် တပ်ကာ သံဆူးကြိုး ခတ်လိုက်ကြတယ်။

နမ္မတီး - တနိုင်း ဘက်လမ်းက ရှေးဘိုးဘွားပိုင် မြေများကို ပိုင်ရှင်များ စိုက်ပျိုးရေးလုပ်နေ တန်းလန်း အတင်း အဓမ္မ ဧက သိန်းချီ သိမ်းပိုက်ပြီး ဗိုလ်ချုပ်သားများ ကုမ္ပဏီ ထူထောင်ကြတယ်။

၁၇ နှစ်လုံးလုံး အပစ်အခတ် ရပ်ပြီး သူတို့ ကြိုက်သလို သိမ်းကျုံး လုပ်ကြ တယ်။စစ်ရေး ဖြည့်ဆည်း ထားကြတယ်။ စစ်သား ဇနီးများ အပြင်းအထန် စစ်ရေး လေ့ကျင့်ထား ကြတယ်။

ဒေသ ဖွံ့ဖြိုးရေး ဆိုပြီး နာမည် ယူကာ ကုန်ကျ စရိတ်ကျတော့ ကချင်ပြည် ဒေသခံ တွေကိုဘဲ ထုတ်စေတယ်။

သမ္မတက လက်နက်ကိုင်အဖွဲ့ကို စိတ်မပါဘဲ စည်းရုံးသိမ်းသွင်းလိုက်တယ်။

ဆိုးလွန်းလို့ ညှိမရတဲ့ ကချင်တစ်အဖွဲ့ဘဲ ကျန်တော့ကြောင်း ကမ္ဘာကိုကြေငြာတော့၊ သိပ်တော်တယ်လို့ သမ္မတကြီး ချီးကျူးခြင်းခံရတယ်။ တကယ်ဘဲ အလိမ်အတွန့် အကောက်အကျစ် အယုတ်အညံ့မှာတော်ရှာ ပါတယ်။
မင်းအောင်လှိုင်ကတစ်ဖက်၊ မြန်မာပြည်မှာ ရှိရှိသမျှ စစ်တပ်တွေကို ကချင်ပြည်ဘက်ပို့တယ်။ အပြင်းအထန် ခြိမ်းခြောက်တယ်။ အရာရာကို ဖျက်ဆီးတယ်။

ကချင်ပြည်၊ ရှမ်းပြည်ပေါင်း ရွာကြီး ရွယ်ငယ် ၃၅၁ရွာ ပျက်စီးသွားတယ်။

ကြမ်းကြမ်းတမ်းတမ်း မိုက်မိုက်ရိုင်းရိုင်း နှိပ်စက်ပစ်တယ်။ လူမဆန်စွာ ပြုကျင့်တယ်။ မြင်မြင်သမျှ သွေးရူးသွေးတန် မရပ်မနားနှိပ်ကွပ်တယ်။

အခုဆိုရင် စစ်ပြေးဒုက္ခသည်ပေါင်း တစ်သိန်းကျော်ပြီလေ။ သူတို့နှစ်ယောက် စိတ်ချမ်းသာကြမှာပေါ့။
စိတ်ကြိုက် လိုင်ဇာဒေသကို အသဲအသန် ကမ္ဘာစစ်မက တိုက်ခိုက်ပြီးတော့၊ သူတို့ စိတ်ချမ်းသာလောက်တဲ့ အချိန်မှာ တဖက်သတ် အပစ်အခတ်ရပ် ကြေငြာတယ်။ ဒါပေမဲ့ သူတို့ဘက်ကတော့ ကြိုက်တဲ့ အချိန်မှာ အမြောက်မော်တာတွေ၊ ငါးကြင်းမြီးတွေနဲ့ ဆော်ကြတယ်။

လိုင်ဇာကို ခုလို သူတို့လက်ခုတ်ထဲကရေ သဘောထားပြီးနော်၊ ဖားကန့်ဘက်ကို မဲကြပြန်တယ်။

ဘယ်သူဘာပြောပြော ငတေမာရင်ပြီးပေါ့လေ။

ဘယ်လိုနာမည် ပျက်ပျက် ကိစ္စမရှိဘူး။ ကချင်ကို နိုင်ရင်ပြီးရော သေဘာလုပ်ကြတယ်။ အရှက်မှ မရှိတာ။
ဘယ်သူနိုင်လို့ အသိအမှတ်ပြုမတဲ့လဲ။ ကိုယ့်ဖါသာ ကိုယ့်သမ္မတတက်၊ ကိုယ့်ဖာသာကိုယ် အနိုင်ယူတာပဲနော်။ ရှက်ဖို့ကောင်းလိုက်တာ။

ကဲ- ကချင်တဖွဲ့တည်းနဲ့ အစိုးရတို့ ဒီပြည်တွင်းစစ်မှာ ကုန်ကျသွားတဲ့ စစ်စရိတ်အပေါ်ယံတွက်ကြည့်ကြပါစို့။
ကျည်ဆံတစ်ဖူးဟာ - ဆန်တစ်အိတ်တန်ဖိုးရှိသတဲ့။ မော်တာ အမြောက်ဆံတစ်လုံးဟာ ဆန်အိတ် (၄၀၀) တန်ဖိုးရှိသတဲ့။ ကြားဖူးတယ်။

ခယာဘွန်တိုက်ပွဲမှာ စခန်းသိမ်း တစ်ရက်တည်းတိုက်တဲ့ အမြောက်ဆံ (၁၂၆၀) ကျော်ပါတယ်။
အောက်ပြည် အောက်ရွာက ပြည်သူတွေ ဗိုက်ဆာနေချိန်မှာ ဂရုမစိုက်ဘဲ၊ ကချင်ကို အမျိုးပြုတ်ရင်ပြီးရော ကိစ္စကပို အရေးကြီးနေခဲ့ကြတယ်။ ဘာအကျိုးရှိလို့လဲ။

ဒါတွေဟာ တကိုယ်ကောင်းသမား သမ္မတကြီးနဲ့ ကာချုပ်တို့ရဲ့ ယုတ်ညံ့တဲ့ သဘောထားတွေပါ။ ညှပ်ပူး ညှပ်ပိတ်လုပ်ပေးမှ ဇာတ်သိမ်းတော့ မယ်ထင်ပါရဲ့။ ဒါဟာ သူတို့တောင်းဆိုတဲ့ တန်ဖိုး ပါ။ နောက်မှာနေပြီး ညွှန်ကြားသူအတွက်က တန်ဖိုး ပိုပြီးမြင့်မားမှာ သေချာတယ်လေ။

မနောမြေ-စိန်
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers