www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ထိုးစစ်ဆင်မှုများရှိနေသော်လည်း KIA တပ်ရင်း (၆) တွင် စစ်သင်တန်းဆင်းပွဲထူးခြားစွာပြုလုပ် Friday, January 04, 2013

ထိုးစစ်ဆင်မှုများရှိနေသော်လည်း KIA တပ်ရင်း (၆) တွင် စစ်သင်တန်းဆင်းပွဲထူးခြားစွာပြုလုပ်

ဇန်န၀ါရီ (၄) သောကြာ
KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တွင် (၂) လခွဲကြာပြုလုပ်ခဲ့သော စစ်သင်တန်း ကျောင်းဆင်းပွဲ (၃/၂၀၁၂)  ပြုလုပ်ခဲ့ကြောင်းသတင်း ရှိရပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘလ (၂၀) ရက်နေ့တွင် စတင်ခဲ့ပြီး ဇန်န၀ါရီ ၃ ရက်နေ့တွင် သင်တန်းသား ၃၀၉ ယောက်ဖြင့် သင်တန်းဆင်းခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းသားအများစုမှာ ကချင်လူငယ်များဖြစ်ကြပြီး ရခိုင် ၃၃ ဦး၊ ချင်း ၁ ဦး၊ ရှမ်း ၄ ဦး၊ ပလောင် ၂ ဦးပါဝင်ကြောင်း သင်တန်းတာဝန်ခံ ကရှင်းပြပါသည်။ ယခုသင်တန်းသည် တပ်ရင်း (၆) တွင်ပြုလုပ်သော ၁၂ ကြိမ်မြောက်သင်တန်းဖြစ်ပြီး ဆက်လက်၍ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း၊  သင်တန်းအစတွင် သင်တန်းသားများအား ၁၀ ရက်ခန့် သမ္မာကျမ်းစာနှင့် ဧ၀ံဂေလိတရားများကို ဦးစွာသင်ကြားပြီးနောက် အခြေခံစစ်ပညာနှင့် စစ်ဗျူဟာများကို စာတွေ့လက်တွေ့သင်ယူစေကြောင်း တာဝန်ခံကဆက်ရှင်းပြပါသည်။

ဤသင်တန်းဆင်းပွဲသည် ယခင်နှင့် မတူ တမူထူးခြားစွာ စစ်ရေးပြအခမ်းအနားဖြင့် စတင်ခဲ့ပြီး၊ တပ်ရင်း(၆) တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲမှ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပ့ါသည်။ စစ်ဘင်ခရာသံစုံတီးဝိုင်း၏ မြူးကြွသော တေးသံများ၊ တက်ကြွနေသောသင်တန်းသားများနှင့် ပိတိဝေဖြာနေသော မိဘပြည်သူများ ၏ အပြုံးမျက်နှာများသည် သင်တန်းဆင်းပွဲအားအသက်သွင်းလျက်ရှိပါသည်။ “ဘုရားသခင်သာ အောင်နိုင်ခြင်းရဲ့အရှင်…” “ မင်းတို့ အိမ်ရှင်လား၊ ဧည့်သည်လား ….”  “ အိမ်ရှင်ပါ….” “ အိမ်ရှင်ဆိုရင် အိမ်ရှင်စိတ်ဓါတ်မွေးရမယ်… ဧည့်သည်စိတ်ဓါတ်ကို ဖျောက်ရမယ်…” “ လူမျိုးကိုတိုက်နေတာမဟုတ်ဘူး… မူကို မကြိုက်လို့တိုက်နေတာ..”  စသည့် မိန့်ခွန်းသံများသည် သင်တန်းဆင်းပွဲအားပို၍ အသက်ဝင်စေ ပါသည်။ သင်တန်းဆင်းပွဲအား နေ့လည် ၁၂ နာရီခွဲခန့်တွင် အဆုံးသတ်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ 
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers