www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
DKBA ၏ သဘောထားထုတ်ပြန်ချက် Tuesday, January 08, 2013

DKBA ၏ သဘောထားထုတ်ပြန်ချက်

အစိုးရအနေဖြင့် KIA ဒေသအား အပြင်းအထန် ထိုးစစ်ဆင်နေခြင်းအပေါ် ကလိုထူးဘောတပ်ဖွဲ့ (DKBA) ၏ သဘောထားထုတ်ပြန်ချက်။

ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ (၄) ရက်။

ယနေ့ နိုင်ငံတော်အစိုးရအဖွဲ့၏ လျှောက်လှမ်းနေသော အသွင်ကူးပြောင်းရေး ကာလ အပေါ် မိမိတို့ဖက်မှ ယုံကြည်မှုအပြည့်အ၀ပေးကာ ငြိမ်းချမ်းရေး၏ ပထမ အဆင့်ဖြစ်သော ယုံကြည်မှု တည်ဆောက်ရေးကာလ အပစ်အခတ်ရပ်စဲရေးကို ဖြတ်သန်းဆဲဖြစ်ပါသည်။ မိမိတို့အပစ်အခတ် ရပ်စဲရေးရရှိရုံဖြင့် တပြည်လုံးအတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးနှင့် ပါတ်သက်သည့် ကိစ္စရပ်များသည် မိမိတို့နှင့်မသက်ဆိုင်ဟူ၍ ယူဆမရပေ။ ပန်းဥယာဉ်တစ်ခုတွင် အရောင်အဆင်း တစ်မျိုးထဲရှိသော ပန်းတစ်မျိုးထည်းဖြင့် မတင့်တယ်နိုင်ပေ။ အရောင်အသွေးစုံသော ပန်းအမျိုးအမည် စုံသောဥယာဉ် ဖြစ်ပါက လူအများအတွက် မျက်စိပသာဓရှိပြီး စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ ဖြစ်ပေ လိမ့်မည်။ မိမိတို့ ကလိုထူးဘောတပ်ဖွဲ့ အနေဖြင့်လည်း (ရကောက်နှင့်ရွှေသည့် ရွှေကရင်မဟုတ်ဘဲ ဆလိန်နှင့်ဆွေသည့် ဆွေကရင်) အဖြစ် ခံယူထားသည့်အတိုင်း၊ အရောင်အသွေးစုံလင်သော ပန်းဥယာဉ်ကဲ့သို့၊ မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးကို ဆွေမျိုးများအဖြစ် သဘောထား ပြီး မျှဝေခံစားပါသည်။ ထို့အတွက်ကြောင့် လက်ရှိအစိုးရမှ ကချင်ဒေသအပေါ် ထိုးစစ်အရှိန်မြှင့်ပြီး စွမ်းအားပြင်း လက်နက်ကြီး များအပြင် လေကြောင်းမှတိုက်ခိုက်မှုများကိုပါ တိုးချဲ့လုပ်ဆောင် လာခြင်းအပေါ် မိမိတို့ ကလိုထူးဘောတပ်ဖွဲ့ (DKBA) မှလည်း မိမိတို့ကိုယ်တိုင် တွေ့ကြုံနေရ သကဲ့သို့ခံစားရပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။

တဆက်ထည်းမှာဘဲ နိုင်ငံတော်အစိုးရအား သတိပေးလိုသည်မှာ ရှေးလူကြီးများ ပြောခဲ့ကြသော စကားရပ်ထဲတွင် (ထောင်မြင် ရာစွန့်) ဟူသော စကားရပ်သည်လည်း အပါအ၀င် ဖြစ်သည်။ ယနေ့ နိုင်ငံတော်အတွင်း နေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးများတွင် ကချင်လူမျိုး သည်လည်း အပါအ၀င်ဖြစ်သည်။ တစ်ခုချင်းနှင့်တစ်ခုလုံး ဟူ၍ ခွဲပြောရမည်ဆိုလျှင် ကချင်လူမျိုး သည် တစ်ခုချင်းဖြစ်ပြီး တစ်နိုင်ငံလုံးဟူသည် တစ်ခုလုံးဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိတွင် လက်နက်ကိုင်တပ်ဖွဲ့ အချို့နှင့်၎င်း နိုင်ငံရေးအဖွဲ့အစည်း အချို့နှင့်၎င်း ယုံကြည်မှုတည်ဆောက်ပြီး အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီးဖြစ်သည်။ ယခု နိုင်ငံတော်အစိုးရအနေဖြင့် ကချင်ဒေသတွင်း ကိစ္စကိုကိုင်တွယ်ရာမှာ စေ့စပ်ဆွေးနွေး ဖြေရှင်းခြင်း ထက် လက်နက်ဖြင့် အနိုင်ယူလိုစိတ် ပိုကဲနေသည်ကို တွေ့ရှိရသည်။ ဤအခြေအနေအပေါ် မိမိတို့ ကလိုထူးဘောတပ်ဖွဲ့အပြင် အခြားအပစ်ရပ် လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူလူထုအပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းများမှလည်း နိုင်ငံတော်အစိုးရအဖွဲ့အပေါ် တဖြည်းဖြည်းယုံကြည်မှု လျော့နည်း လာနေသည်။ ကန့်ကွက်ရှုတ်ချမှုများ၊ ဆန္ဒထုတ်ဖေါ်ပြသမှုများ ပြုလုပ်လာနေကြသည်။ ကချင်ဒေသ ကိစ္စနှင့်ပါတ်သက်၍ ယခုအတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဆိုပါက နိုင်ငံတော်အစိုးရအနေဖြင့် ယခင်ရရှိထားပြီးသား ယုံကြည်မှုနှင့် အပစ်အခတ် ရပ်စဲရေးကတိက၀တ်များကို လက်လွှတ်ဆုံးရှုံး လာရဖွယ်ရှိသည်ဟု သတိပေးလိုပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကချင်ဒေသ စစ်ပွဲအောင်နိုင်ရေး ဆိုသည့် ရာဂဏ္ဍန်းကို ဆက်လက်ဆုတ်ကိုင်ထားပြီး အပစ်ရပ်အဖွဲ့များနှင့် တည်ဆောက်ထားသော ယုံကြည်မှု ထောင်ဂဏ္ဍန်းကို စွန့်လွှတ်မည်လော။

တပ်မတော်ဆိုသည်မှာ အမိန့်ဖြင့် တည်ဆောက်ထားသော လူမှုအဆောက်အအုံ တစ်ရပ် ဖြစ်သည်ဆိုသည်ကို မူအရလက်ခံသည်။ သို့သော် အမိန့်ပေးနိုင်စွမ်းသော ပုဂ္ဂိုလ်အနေဖြင့် တော်တည့်မှန်ကန်သော အမိန့်ကိုပေးတတ်ဖို့လိုသည်။ ယခုအခြေမျိုးမှ တပ်ပြန်ဆုတ်ရလျှင် စစ်ရေး သိက္ခာ၊ တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းသည်ဆိုသည့် လွဲမှားသော အတွေးအခေါ်ဖက်မှ မချဉ်းကပ် စေလိုပါ။ တပ်မတော်အနေဖြင့် ထိုးစစ်ဆင်နေသောတပ်များကို ဂုဏ်သိက္ခာရှိစွာ ဆုတ်ခွါစေပြီး KIA အား ဆွေးနွေးရေးစားပွဲဝိုင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါက နတ်/လူ သာဓုခေါ်မှာ ဧကန်မလွဲပါ။ ယခင်ကာလ ပြည်တွင်းလူထု/သံဃာ လှုပ်ရှားမှုများတွင်၎င်း။ တိုင်းရင်းသားဒေသများတွင်၎င်း လက်နက်ကိုင်နည်းလမ်းဖြင့်သာ ကိုင်တွယ်ဖြေရင်းခဲ့သော သမိုင်းဆိုးသည့် တပ်မတော်အတွက် ယခုရရှိလာသည့် အခွင့်အရေးကို ဆုတ်ကိုင်ဆောင်ရွက်လိုက်ပါက ပြည်သူယုံကြည်သော၊ လေးစားသော တပ်မတော်အဖြစ် မျက်နှာပွင့်လန်းပေလိမ့်မည်။ စစ်ရေးသိက္ခာ၊ တပ်မတော်သိက္ခာ ဟူသည် ဒြပ်မဲ့ခံစားချက်ဖြစ်ပြီး စစ်ရေးအတွက်ကုန်ကျသော နှစ်ဖက်တပ်ဖွဲ့ စစ်အသုံးစားရိတ်/ နှစ်ဖက်တပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများနှင့် ဒေသနေပြည်သူများ၏ ကြုံတွေ့ရသော လူမှု ဒုက္ခ/သောက များသည် ဒြပ်ရှိခံစားချက်ဖြစ်သည်ကို တပ်မတော်ခေါင်းဆောင်များမှ သတိပြုသင့်ပါသည်။

ထိုအခြေအနေဆိုးများမှ ကျော်လွှားနိုင်ရန်မှာ နိုင်ငံတော်အစိုးရနှင့် တပ်မတော် ခေါင်းဆောင် များတွင်သာ တာဝန်ရှိသည်ဟု ထင်မြင်ယူဆပါကြောင်း မိမိတို့ ကလိုထူးဘော (DKBA) ၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်။

ဗိုလ်ချုပ်ကြီး စောလားပွယ်
စစ်ဦးစီးချုပ်
ကလိုထူးဘောတပ်ဖွဲ့
(D K B A)
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers