ဗမာစစ်ရဟတ်ယာဉ် တစ်စီး ကေအိုင်အေမျိုးချစ်ရဲဘော်များ ပစ်ချ
ဇန်နဝါရီလ (၁၁) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေသို့ စစ်ရဟတ်ယာဉ်ဖြင့် ထိုးစစ်ဆင်၊ စစ်လက်နက်ပစ္စည်းနှင့် စစ်အင်းအား ပို့လာသော ဗမာစစ်တပ် စစ်ရဟတ်ယာဉ် တစ်စီးကို ဇန်န၀ါရီ (၁၁) ရက်နေ့ ညနေပိုင်း (၃း၀၀) နာရီအချိန်ခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များ ပစ်ချနိုင်ခဲ့ကြောင်း သိရှိရပါသည်။ ကေအိုင်မျိုးချစ်ရဲဘော် ဖြစ်သော ဘားတောင်မှ ဗမာအစိုးရ စစ်ရဟတ်ယာဉ် Mi 35 ပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ရဟတ်ယာဉ် မောင်းနှင်းသော ပိုင်းလောဒ့်မှာ ဗမာစစ်တပ်၏ DSA အပါတ်စဉ် (၃၈) ကျောင်းဆင်း လေသူရဲ ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ရဟတ်ယာဉ်သည် ကေအိုင်အေ ထိန်းချုပ်နယ်မြေ အတွင်းသို့ ပျက်ကြသွားခြင်းဖြစ်ကြောင်းကိုလည်း ဆက်လက်သိရှိ ရပါသည်။KIA shot down one of the Burmese Government’s helicopter on 11st January. According to KIA front line officer report, one of the military helicopter, that especially for offensive from air, sending the soldiers to the front line area, and carrying for military weapons, was shot down by Ba Tawng, KIA’s patriotic soldier, at 03:00 PM on that day, and that helicopter was MI-35 and pilot was from the DSA (38) batch and the military helicopter was crashed down in KIA controlled area.
ကေအိုင်အေမျိုးချစ်ရဲဘော်များ ပစ်ချလိုက်သော ဗမာစစ်ရဟတ်ယာဉ် (ဓါတ်ပုံ ကချင်နက်)

