လီဆူးအမျိုးသား (၃) ဦးအား ဗမာစစ်သားများ နှိပ်စက်သတ်ဖြတ်
ဇန်န၀ါရီ (၁၇) ကြာသာပတေး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ဆွမ်ပရာဘွမ်ကားလမ်း အင်ဆောပ့် နှင့် ဖုန်အင်ဇွပ် ကျေးရွာကြား မိုင်တိုင် (၃၈)၊ (၂)ဖာလုံတွင် တီယန်ဇွပ်ဘက်မှ ဆင်းလာသော ဆိုင်ကယ် ကယ်ရီ လီဆူးအမျိုးသား (၃) ဦးကို ဗမာစစ်တပ် တပ်မ (၃၃) လက်အောက်မှ စစ်တပ်များ ဇန်န၀ါရီ (၁၄) ရက်နေ့ နေ့လည် (၁၂း၀၅) နာရီအချိန်တွင် နှိပ်စက် သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိပါသည်။ ဆိုင်ကယ် ကယ်ရီ လီဆူးအမျိုးသား (၃) ဦးထံမှ ဗမာစစ်သားများ ငွေတောင်းခံရာ မပေးနိုင်သောကြောင့် အခုလို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဤသို့ ဗမာစစ်သားများမှ လီဆူးအမျိုးသား (၃) ဦးကို ကားလမ်းဘေးတွင် နှိပ်စက်သတ်ဖြတ်နေသည်ကို ဆွမ်ပရာဘွမ်လမ်း တီယန်ဇွတ်သို့ ပြေးဆွဲနေသော လိုင်းကားပေါ်မှ ခရီးသွား ပြည်သူများ မျက်ဝါးထင်ထင် မြင်တွေခဲ့ရသော်လည်း ဗမာစစ်တပ်မှ ခရီးသည်များအား ဒုက္ခပေးနေမည်ကို ကြောက်ရွံ့သောကြောင့် ရပ်နား မေးမြန်းခြင်းမရှိပဲ ဆက်မောင်းခဲ့ရကြောင်း ခရီးသည်များ ပြောပြချက်အရ သိရှိရပါသည်။ ယခုအခါ ဗမာစစ်တပ်များ ရိုက်သတ်ထားသော အလောင်းများကို မြစ်ကြီးနားဘက်သို့ သယ်ယူသွားပြီဖြစ်ကြောင်း ဆက်လက် သတင်းကြားသိရပါသည်။The Burmese soldiers, from (88) division those who settled near (38) miles stone in N Sawp and Hpung Ing Zup, tortured killed (3) Lisu motor cycle carrier, who were coming from Ta Yang Zup at 12:05 noon on 14th January. The travelers, who travel from Sumpra Bum and Ta Yang Zup, saw very closely such torturing and killing (3) Lisu cycle carriers from Burmese soldiers, but the travelers were scared to ask this torturing and went continuously, said one of the travelers. Now, the (3) dead body were carried away to Myitkyina by those soldiers.
