www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဗမာအစိုးရစစ်တပ်မှ ကထန်ရွာအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် Monday, January 14, 2013

ဗမာအစိုးရစစ်တပ်မှ ကထန်ရွာအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်

ဇန်န၀ါရီ (၁၄) တနင်္လာ
ဇန်န၀ါရီလ (၁၃) ရက်နေ့ နံနက် (၅း၀၀) နာရီခန့်တွင် ဗမာစစ်တပ် အမည်အသိ မှ ကထန်ကျောက်စိမ်းမှော်ရှိ အရပ်သားနေအိမ်များအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ရွာအတွင်းသို့ ၀င်ရောက်ကာ လက်နက် ငယ်များဖြင့် အရပ်သားများအား ပရမ်းပတာ ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်မှုကြောင့် အရပ်သား ကိုဂျင်မီဆိုသူ သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။ ဗမာအစိုးရစစ်တပ်မှာ ကထန်ကျောက်စိမ်းမှော် အနီးရှိ KIA တပ်စခန်း အားတိုက်ခိုက်ရမည့်အစား အပြစ်မဲ့ကျောက်စိမ်းတူး ပြည်သူများနေထိုင်ရာ ကထန်ရွာအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။ “မနက် ၅ နာရီမှာ လက်နက်ကြီးသံ နှစ်ချက်ကြားတာနဲ့ ဂတုတ်ကျင်းထဲဝင်ဖို့ကြိုးစားတာဘဲ၊ ဗမာစစ်သားတွေက ရွာထဲမှာ ဘယ်အချိန်ကတည်းက ရောက်နေ မှန်းတောင်မသိဘူး၊ ကြောက်ပြီး ပြေးတဲ့သူကပြေး၊ ကတုတ်ကျင်းထဲဝင်သူက၀င်တာဘဲ၊ စစ်သားတွေက ပြေးတဲ့သူအကုန် သူပုန်ဘဲဆိုပြီး လိုက်ပစ်တာဘဲ။ အိမ်ထဲလည်း ၀င်ပြီး ကျော်စိမ်းတုံးတွေ၊ ပိုက်ဆံတွေ၊ ရွှေငွေလက်ဝတ်ရတနာတွေ၊ ဖုန်းတွေ လိုချင်တာတွေအားလုံး ရိုက်ဖွင့်ပြီး၊ ယူသွားတာဘဲ။ ဘာမှမတတ်နိုင်ဘူး” ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုပါသည်။ ယခုအခါ အစိုးရစစ်တပ်သည် ဖားကန့်ဒေသို့ စစ်အင်အား ၂၀၀၀ ခန့်ပို့ဆောင်ထားပြီး ကျောက်စိမ်းတွင်းများအား ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ဒေသခံများက စိုးရိမ်လျှက်ရှိနေပါသည်။

The cruel Burmese Government troops shelled with heavy artillery then fired with small arms to the civilians in Ka Htang Yang Jade mine at 05:00 AM on 13rd January , 2012 according to the KIA front line officer report. In such firing, two civilians were injured and one civilian, Ko Jimmy, were killed. Instead of focusing to the KIA, the Burmese Government troops aimed to direct the innocent civilians.  Why does the Government let happen to hit the civilians? “ At very early morning 05:00, we hear two exposition of heavy weapons, we try to hide in cannels, but we don’t know what time the Burmese soldiers arrive in our village, the civilians are scared and screamed, some area running, some are going in to cannels. At that time, Burmese soldiers shout that those who running are KIA then open fire. Some Burmese soldiers enter into civilian’s houses and take the valuable things of jade, cash, jewel, phone and others what they want. They are like robber and we can’t do anything,” said one of the civilians. Now, Burmese Government send more than 2000 soldiers to Hpa Kant area to control the whole jade mine area and the civilians are worried to become dreadful battles.
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers