www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ပြောစရာရှိတာ ဆက်ပြောပါမည်

သူငယ်ချင်းကောင်း ပီသစွာ လိမ္မာယဉ်ကျေးဖို့အတွက် ပြောဆိုဆုံးမ သတိပေးတဲ့ မိတ်ဆွေ သူငယ်ချင်းကောင်း အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

ကချင်တွေ ရိုင်းတယ်လို့ သတ်မှတ်ရင်လည်း မတတ်နိုင်ပါဘူး။ ၁၉ လတာ ကာလအတွင်းမှာ လိမ္မာဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ကြပါတယ်။ IDP စခန်းတွေကို ရောက်ဖူးတဲ့သူ။ တိုက်ပွဲ ကြားထဲ ရောက်ဖူးတဲ့သူများ ကိုယ်ချင်းစာနိုင်မယ် လို့ထင်ပါတယ်။ 

၁.၂ သန်းသော ကချင်လူမျိုးလူဦးရေနဲ့ ယှဉ်လိုက်ရင် KIA ဆိုတဲ့စစ်တပ်ဟာ ၃% ဘဲ ရှိပါလိမ့်မယ်။ တော်လှန်ရေး စိတ်ဓါတ်ကတော့ ကချင်တိုင်းရဲ့ အသဲနှလုံးထဲ၊ အသွေးထဲ အသားထဲမှာ ရှိနေပါတယ်။ ဒါကြောင့်လည်းဘဲ ၁ သိန်း သော IDP များဟာ ဆင်းရဲဒုက္ခခံပြီး စခန်းတွေမှာ မရရအောင် နေရင်း တော်လှန်ရေးကို သူတို့နည်း သူတို့ဟန်နဲ့ ပါဝင်နေသလူများ လို့ လက်မခံလို့ မရပါဘူး။ ပြီးတော့ပင်ပအကူအညီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ.. အသက်ရှင်ရပ်တည်နေတာကိုက ကျန်တဲ့ KIO အပါအ၀င် ကချင်များရဲ့ ပူးပေါင်းပါဝင်မှု ဘယ်လောက်ရှိတယ် ဆိုတာကို ခန့်မှန်းလို့ ရပါတယ်။ 

ဟုတ်ကဲ့.. သွေးသံရဲရဲနဲ့ ဆွေမျိုးသားချင်းများကို ပြုစုဘူးပါတယ်။ အပြစ်မဲ့ အသတ်ခံရတဲ့ ကျွန်မတပည့် လူငယ်လေးတွေကို သဂြိုင်္လ်ခဲ့ရပါတယ်။ အသက် ၁၃ နှစ်သာ ရှိသေးတဲ့ ၇တန်းကျောင်းသားလေးကို လျှာပြတ်လုလု ဖြတ်ထားပေးတာ၊ မသေခင်မှာ မျက်လံးကို နှိုက်ထုတ်ထားပေးတာ၊ ဗိုက်ကို ဖောက်ထားပေးပြီး အူတန်းလန်းထွက်နေတာကိုလည်း မြင်ခဲ့ ရပါတယ်။ ပြူးတူးကြောင်တောင်နဲ့ မုဒိန်းကျင့်ခံထားရတဲ့ ၁၁ နှစ်သမီးကို လည်း တွေ့ခဲ့ ရပါတယ်။ ဒါတွေအားလုံးဟာ မြန်မာ့တပ်မတော်ရဲ့ စစ်မြေပြင် ပြင်ပက ရာဇ၀တ်မှုတွေပါ... မြန်မာလူမျိုးတွေဟာ ရခိုင်က မသီတာထွေးလို့ ဓါတ်ပုံတွေ့မှ ယုံတယ် လို့ ပြောရင်တောင် လူမျိုးရေးသတ်ဖြတ်မှုမှာ ကို မလိုလားတဲ့အတွက် မတင်ခဲ့ကြပါဘူး။ 

Crime in Northern Burma Report ကို Fact Finding Mission က သူတို့ကိုယ်တိုင် လာရောက်ရေးသား ထုတ်ဝေတုန်းကလည်း အင်္ဂလိပ်စာ မဖတ်တတ်ကြလို့ တနိုင်ငံလုံး တိတ်ဆိတ်နေခဲ့တယ်။ အင်္ဂလိပ်စာ ဖတ်တတ်တဲ့ တိုင်းပြည်တွေကလည်း မြန်မာနိုင်ငံကို ခြေချချင်ဇောနဲ့ သိန်းစိန် နဲ့ ဒေါ်စုကို ဆုတခုပြီးတခု လာပေးရုံက လွှဲပြီး ဘာမှ မလုပ်ခဲ့ပါဘူး။ ငြိမ်းချမ်းရေးဘုရင်မကို မရရအောင် သတင်းပေးခဲ့ပေမဲ့... သက်သေမရှိဘူး.. ဆိုတဲ့ စကားလုံးနဲ့ နှစ်ဖက်စလုံးရဲ့ မေတ္တာကို ရအောင် ရေငုံနှုတ်ပိတ်တဲ့အပြင်... ဘယ်သူမှ မပြောလို့ မလုပ်ဘူး ဆိုတဲ့ အချိုး၊ NLD ကလည်း ဖိတ်ခေါ်ရင်လုပ်မယ် ဆိုတဲ့ ကြေငြာချက်မျိုးဘဲ ထွက်လာပါတယ်။ အေးလေ... ဒေါ်စုခမျာ သနားစရာ.. အကြံကောင်းပေးမဲ့ မိတ်ဆွေတောင် မရှိရှာနဲ့ သနားစရာ image လေးဖြစ်နေပြီး ဘေးနားက နလဗိန်းတုံးတွေ စိတ်ပျက်လောက်အောင် ၀န်းရံနေတာကို အဟုတ်ထင်နေရှာတာကို မသိတာလား တမင်လား... လူထုနဲ့ အထူးသဖြင့် တိုင်းရင်းသားများနဲ့ အဝေးခံပြီး ယုံကြည်နေလေရဲ။

စစ်သားအချင်းချင်း စစ်မြေပြင်မှာ တိုက်ကြသေကြတာ မဆန်းဘူး.. ကလိန်ကကျစ် လုပ်ကြံသတ်ဖြတ်တာက ဆန်းပါတယ်။။ ဒါ့ထက်ကို အပြစ်မဲ့ ပြည်သူကို မတရားညှဉ်းဆဲ သတ်ဖြတ်တာဟာ Crime ပါ.. 

အခုကျွန်မ ဗုံးသံ မော်တာသံတွေနဲ့ နိုးလာပါတယ်။ အသံတွေ နီးလာနေတယ်..ကျွန်မနဲ့ ၁ဖာလုံ အကွာမှာ လူဦးရေ တသောင်းကျော်ရှိနဲ့ IDP စခန်း ၂ ခုရှိပါတယ်။။ ဂတုတ်ကျင်းထဲ ၀င်ပါ.. ဆိုရင် ဟာသပါ.. သူတို့တွေကို ဆန့်အောင် ထဲ့လို့တဲ့ ကတုတ်ကျင်းဆိုတာ ဘော်လုံးကွင်းလောက် ကြီးရပါ့မယ်.. ညအမှောင်မှာ အပူချိန် ၂ ဒီဂရီမှာ ချမ်းချမ်းစီးစီးနဲ့ အထုတ်လေးတွေ ကိုယ်စီပိုက်ပြီး ငုတ်တုတ်လေးတွေ။။

ဘယ်နေ့ သေမယ်မှန်း မသိတဲ့ သူတွေ၊ ကျွန်မလို အတွေ့အကြုံရှိတဲ့ တခြားကချင်တွေ ဆဲဆိုသွားတာ ဆန်းသလား... 

ဟုတ်ကဲ့.. အခုလည်း မလှမ်းမကမ်းက လက်နက်ကြီးသံတွေ ကြားနေရပါတယ်။။ 

ကချင်အရေးအတွက် ငြိမ်းချမ်းရေး ရရန် မိမိတို့ တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် ကူညီပေးသော မိတ်ဆွေသူငယ်ချင်းများ၊ လှူဒါန်းပံ့ပိုးပေးသူများ၊ ဆုတောင်းပေးသူများ၊ စိတ်ပူပေးသူများ၊ အားပေးသူများ၊ အမှန်တရားဘက်မှ ရပ်တည် ပေးသူများ၊ လူတန်းစား အလွှာအသီးသီးမှ ကြီးသူငယ်သူများအားလုံးအား အထူးကျေးဇူးတင်ပါတယ်။ ဆပွားတိုးတက် ကြီးထွားကြပါစေဟုလည်း အမြဲသတိရ ဆုတောင်းပေးကြပါတယ်။ ကျွန်မအပါအ၀င် ကချင်လူမျိုးများ၏ ပေါက်ကွဲသံစဉ်များသည် သင်တို့နှင့် သင်တို့မိသားစုဝင်များအား မရည်ညွှန်းကြပါ။ စိတ်မသက်မသာ ဖြစ်စေခဲ့လျှင်လည်း ခွင့်လွှတ်ကြပါ။

သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ.. ယခင်နှင့် လက်ရှိ မြန်မာစစ်အစိုးရ၊ မြန်မာ့တပ်မတော်၊ မြ၀တီနဲ့ ကချင်စစ်ပွဲ အကြောင်းကို ပေါက်ကရခြောက်ဆယ် လုပ်ကြံရေးသော မီဒီယာ အစစ်အတုများ၊ ထိုထိုကဲ့သို့သော Blogger နဲ့ Facebook များ.. မြန်မာ့တပ်မတော်ဘက်မှ လိုက်သူများအားလုံးအား... ကျိန်ဆဲသွားပါမည်.. 

သူငယ်ချင်းကောင်း ပီသစွာ လိမ္မာယဉ်ကျေးဖို့အတွက် ပြောဆို ဆုံးမ သတိပေးတဲ့ မိတ်ဆွေသူငယ်ချင်းကောင်း အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ သို့သော် Facebook တွင် နောက်တခါ မသောင်းကျန်းပါဟု ကတိမပေးနိုင်ပါ၊ ကျွန်မ၏ ကချင်ဒေသ ကိစ္စ သာမက မြန်မာနိုင်ငံ၏ မည်သည့် မတရားမှုကို မဆို ကြုံတွေ့လာသောအခါ ဆဲချင်ဆဲပါမည်။ ဥပမာ.. လက်ပန်းတောင်းကိစ္စတွင် ဆဲခဲ့ပါသည်။ နာဂစ်တွင်လည်း ဆဲပါသည်။ ယခု ကချင်ကိစ္စတွင် ဆဲပါသည်။ နောင်လည်း ဆဲသင့်သည်ဟု ထင်ပါက ဆဲပါအုံးမည်။ ပျော်၍ ဆဲသည်မဟုတ်ဘဲ မတရားမှုအတွက် တုံ့ပြန်စရာ လက်နက် ကျွန်မတွင် မရှိသောကြောင့်ဖြစ်သည်။။ အမှန်တရားအတွက် ဆဲဆိုသူများသည် အဆဲအဆိုကင်းပြီး ပြုံးစစဖြင့် လွှတ်တော်တွင် နေရာယူထားသော..  သူခိုး၊ ဂျပိုး၊ လူလိမ်များနှင့် ပြည်သူ့ကိုယ်စားထိုင်ခံပေါ် တက်ထိုင်ပြီး တာဝန်မယူသော အမတ်များ၊ စစ်ဖြစ်အောင် တဖက်တလမ်းမှ ပါဝင်သော အလှူကြီးရှင် ခရိုနီများထက်စာလျှင် အဆင့်မြင့်ပါသေးသည် ဟုလည်း ခံယူပါသည်..

ထို့ကြောင့် ကျွန်မအား မဆုံးမမီ ထိုထိုသော အဆင့်နိမ့်သူများကို အရင် ဆုံးမပြီးပေးပါ။

ခေါန်ဂျာ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers