နန်ဆန်ယန်ကျေးရွာတွင် တိုက်ပွဲပြင်းထန်
ဇန်န၀ါရီ (၃) ကြာသာပတေး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဖြစ်သော မြစ်ကြီးနား - လိုင်ဇာ ကားလမ်းပေါ်ရှိ နန့်ဆန်ယန် ကျေးရွာတွင် ဇန်န၀ါရီ (၂) ရက်နေ့၌ ကေအိုင်အေ ပြည်သူ့စစ်တပ်ဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဗမာအစိုးရတပ် အင်းအား (၄၀၀) ကျော်နှင့် မနက် (၆း၀၀) နာရီခန့်မှ တိုက်ပွဲများပြင်း ထန်စွားဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲသည် နန်ဆန်ယန် ကျေးရွာအတွင်း၌ ဖြစ်ပွားခဲ့ပြီး ဗမာအစိုးရ စစ်တပ်ဘက်မှ အကျအရှုံးများခဲ့ကြောင်း သတင်းရရှိပါသည်။ ဒွမ်ဘန်ဘွမ်၊ ဂန်ဒေါင်ယန် အခြေစိုက် ဗမာစစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် အဆက်အပြတ် ပစ်ခတ်ကူညီခဲ့ကြောင်း၊ အင်အားမမျှလွန်းသောကြောင်း ကေအိုင်အေ မျိုးချစ်ရဲဘော်များ ညနေပိုင်းတွင် နန်ဆန်ယန်ကျေးရွာမှ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။Joined KIA’s public volunteer soldiers and public relationship troops fought severely with over (400) Burmese Government soldiers in Nam San Yang village, it is on the way of Myitkyina – Laiza road and which is under KIA (5th) Brigade area at 06:00 Am on 2nd January, 2013 according to KIA front line officer report. Many Burmese soldiers were killed in that battle, on the other hand, Burmese Military troops, from Dumbang bum and Gang Dau Yang, shot continuously with heavy artillery weapon. Finally, joined Kachin troops retreated back because of different military forces.
