နန့်ဆန်ယန်တွင် တိုက်ပွဲပြင်းထန် ဗမာစစ်တပ် အကျအရှုံးများ
ဇန်န၀ါရီ (၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော မြစ်ကြီးနား - လိုင်ဇာလမ်းပေါ်ရှိ နန့်ဆန်ယန် ကျေးရွာတွင် ဇန်န၀ါရီလ (၃) ရက်နေ့ မနက် (၆း၀၀) နာရီ အချိန်ခန့်မှ စပြီး တစ်နေကုန် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။ နန်ဆန်ယန်ကျေးရွာတွင် နေရာယူထားသော ဗမာစစ်တပ်များကို ကေအိုင်အေ မျိုးချစ်ရဲဘော်များ သွားရောက် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် နန့်ဆန်ယန် ကျေးရွာတွင် ဗမာစစ်တပ်အင်းအား (၄၀၀) ကျော် နေရာယူထားကြောင်း သိရှိရပါသည်။ တိုက်ပွဲတွင် ဗမာအစိုးရတပ်ဘက်မှ (၆၀) ကျော် သေဆုံးပြီး၊ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ဤသို့ ဗမာစစ်တပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရမှုများပြားလာသောကြောင့် ဗမာအစိုးရဘက်မှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် နေ့လည်း (၁၁း၅၀) နာရီခန့်တွင် လာရောက်ပစ်ခတ် ကူညီပေးခဲ့ကြောင်း ဆက်လက် သတင်းရရှိပါသည်။ တိုက်ပွဲတွင် ကေအိုင်အေမျိုးချစ်ရဲဘော် (၂) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များက ဗမာစစ်တပ်၏ လက်နက်၊ ခဲယမ်း အမြောက်အများကို သိမ်းပိုက် ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။There was a dreadfully battle between KIA patriotic soldiers and Burmese Government troops in Nam San Yang village, which is under KIA (5th) brigade area and it is started from 06:00 AM all the whole day on 3rd January, according to KIA front line officer report. KIA patriotic troops went to fight to over 400 Burmese Government soldiers those who settle in Nam San Yang village. Over 60 Burmese soldiers were killed and many were wounded in that battle. Due to many Burmese soldiers were died, Burmese military jet fighter came and shot to help the ground troops at 11:50 AM. On that battle, KIA’s 2 soldiers were wounded and many Burmese army’ weapons, bullet and heavy artillery pieces were captured by KIA troops.
