www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဖားကန့်တွင် ဗမာစစ်တပ်မှ ကချင်ပြည်သူများအား ပိုနှိပ်စက်လာ Wednesday, January 23, 2013

ဖားကန့်တွင် ဗမာစစ်တပ်မှ ကချင်ပြည်သူများအား ပိုနှိပ်စက်လာ

ဇန်န၀ါရီ (၂၃) ဗုဒ္ဓဟူး
နိုင်ငံတော်သမ္မတ၏ လဂျားယန်စစ်ရပ်စဲရေးကြေညာချက် ထွက်လာပြီးနောက် ဗမာစစ်တပ်မှ ကချင်လူထုအား ပို၍ ပစ်မှတ်ထားလာကြောင်းသိရှိရပါသည်။ ကချင်လူမျိုးများနေထိုင်ရာ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း စစ်ဝတ်စုံအပြည့်၊ လက်နက်အပြည့်အစုံဖြင့် လိုက်လံစစ်ဆေးလျှက်ရှိပါသည်။ တစ်စုံတစ်ရာ ပေါက်ကွဲသံ၊ သေနတ်သံများကြားပါက ကချင်အရပ်သားများနေထိုင်ရာ ရပ်ကွက်အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တတ်ကြပါသည်။ ယခုအခါ ကချင်လူမျိုးတို့၏ အထွတ်အမြတ်ထားရာ ဆုတောင်းကုန်းများအား ပေါ်တင်စွာလက်နက်ကြီးငယ်များဖြင့် တိုက်ခိုက်လျှက် ရှိပါသည်။ ဖားကန့်ရှိ ရဲတပ်သားများမှာ လည်း စစ်သားများ ဖြစ်နေကာ ကတို့ဆိပ်၊ လူပြတ်သောနေရာများတွင် သေနတ်များ ကိုင်ဆောင်၍ အရပ်သား ပြည်သူများအား စစ်ဆေးပြီး ပါလာသော ကျောက်ကြည့်ဓါတ်မီးများ၊ ဖုန်းများ၊ ပိုက်ဆံများအား အတင်းအကျပ်ယူကြပါသည်။ ကချင်ပြည်သူများမှာ အစိုးရ ရဲများ၊စစ်သားများနှင့် မဆုံနိုင်အောင် ရှောင်ရှားနေရသဖြင့် လုပ်ငန်းကိုင်ငန်းများ လုပ်ရာတွင် အခက်အခဲဖြစ်လျက်ရှိပါသည်။ ဖားကန့်ရဲစခန်းရှေ့တွင် ကားဆိုင်ကယ်မကျန်၊ စစ်ဆေးပြီး ကချင် လူမျိုးများဖြစ်ပါက ဓါတ်ပုံရိုက် မှတ်တမ်းယူခြင်း၊   ကျောက်စိမ်းများအား သိမ်းဆည်းခြင်းများပြုလုပ်ပါသည်။ ကချင်လူမျိုးများမှာ ဗမာအစိုးရသည် လူမျိုးရေးအရ စစ်ဆင်နေခြင်း ဖြစ်သဖြင့် မည်သို့မျှပြန်လည်မပြောဆိုရဲဘဲ လက်ပိုက်ကြည့် နေရပါသည်။ ဤသည်ကို အောက်ခြေရှိ ဗမာရဲများနှင့် စစ်သားများသည် အခွင့်ကောင်း ယူနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ရှင်းပြပါသည်။

“အပစ်အခတ်ရပ်ထားဖို့ လှိုင်ဇာဌာနချုပ်က အမိန့်ပေးထားလို့ ကျွန်တော်တို့ ငြိမ်နေရတဲ့အချိန်မှာ အခုလို ပြည်သူလူထုကို ပစ်မှတ်ထားတာတော့ အလွန်အောက်တန်းကျပါတယ်။ ကေအိုင်အေတွေရှိလား ဆိုပြီး၊ ကချင်အိမ်တွေတစ်အိမ်တက်ဆင်း လိုက်ရှာတာ လူမျိုးရေးခွဲခြားရာကျပါတယ်။ အစိုးရတစ်ရပ်က အဲဒီလိုလုပ်လို့မရဘူးလေ။” ဟု ကေအိုင်အေအရာရှိတစ်ယောက်က သူ၏အမြင်ကို ပြောပြပါသည်။ ထို့အပြင် ဗမာအစိုးရသည် ကချင်လူမျိုးများ ငွေလွဲငွေထုတ်ခြင်းများကိုလည်း ကန့်သတ်ထားပါသည်။ ဘဏ်များတွင် ၅ သိန်းထက်မပိုသောငွေများကိုသာ အသွင်းအထုတ်ပြုလုပ်ခွင့်ပေးထားပါသည်။ ဖုန်းကဒ်များရောင်းဝယ်ခြင်းကို တားမြစ်ထားပြီး၊ ဓါတ်ခဲများ ရောင်းချခြင်းကိုလည်းပိတ်ပင်ထားပါသည်။  ယခုအခါ ဖားကန့်ရှိ ကချင်လူထုအများမှာ နိုင်ငံရေးအရ မည်သို့ပြောင်းလဲလာမည်ကို မသိရှိသော်လည်း ဗမာအစိုးရ၏ တဖက်သတ်ဖိနှိပ်မှုကို ရင်စီးခံနေရပြီး စိုးရိမ်စိတ်ဖြင့် သတင်းများကိုနားစွင့်ကာ အသက်ရှင်နေရပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers