ဦးဒယောင်တန်ဂွန်းလင်မယားအား မတရားပုဒ်မကြီးများတပ်ကာ တရားစွဲဆို
ဇန်န၀ါရ (၁၉) စနေ
ကချင်ပြည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဦးဒယောင်တန်ဂွန်း ၏နေအိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ပင် ကျော်လာခဲ့ပြီ ဖြစ်သော်လည်း ဦးဒယောင်တန်ဂွန်းနှင့် မိသားစု ၀င်များကို ယခုထက်ထိ အပြစ်မဲ့ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရှိရပါသည်။ ဗမာအစိုးရမှ ဦးဒယောင်တန်ဂွန်းနှင့် ဇနီးကို တစ်နှစ်ကျော်လာသည်အထိ ဖမ်းဆီးစစ်ဆဲ သော်လည်း သက်သေ အခိုင်အလုံ မရှိပဲ ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခုအခါ ဦးဒယောင်တန်ဂွန်းအား ပုဒ်မ (၃၀၂/၁) ကြိုတင်ကြံစီ လူသတ်မှု၊ ပုဒ်မ (၁၀၉) လမ်းညွှန်မှု၊ ပုဒ်မ (၃၂၄) ပြင်းထန်စွာ နာကျင်စေမှု၊ ပုဒ်မ (၃၂၆) ထိခိုင်နှစ်နာစေမှု များဖြင့်လည်းကောင်း၊ ဇနီးသည်အား ပုဒ်မ (၁၁၈) ပူးပေါင်းကြံစီမှု များနှင့် ခရိုင် တရားသူကြီးမှ ဆက်လက် တရားစွဲ ထားကြောင်း စုံစမ်းသိရှိရပါသည်။ စွဲဆိုထားသော အမှုများသည် သေဒဏ် (သို့မဟုတ်) နှစ်ရှည် ထောင်ဒဏ်များ ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ဦးဒယောင်တန်ဂွန်း၏ နေအိမ်တွင် လွန်ခဲ့သော ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားကာ ဦးဒယောင်တန်ဂွန်၏ မိသားစုများအပါအ၀င်၊ စာသင်သား ကျောင်းသား ကလေးငယ်များ အများအပြား သေဆုံးခဲ့ရခြင်းဖြစ်ပါသည်။ မျက်မြင်သက်သေများ၏ ပြောပြချက်အရက် ပေါက်ကွဲမှုကြီးသည် အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းဖြစ်ကြောင်း သိရှိရပါသည်။
