www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကားမိုင်းရဲစခန်းကို ကေအိုင်အေတွေ ၀င်စီး

ကေအိုင်အေက ကာမိုင်းရဲစခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်တယ် ဆိုတာပဲ ပြည်မနေ ပြည်သူလူထုက အစိုးရမီဒီယာကတဆင့် သိတာပါ။ ဟုတ်ပါတယ် ကာမိုင်းရဲစခန်းကို ၀င်သိမ်းတယ်ဆိုတာ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတာတော့ ဘယ်သူကမှ မတွေးကြပါဘူး။  ကေအိုင်အေက ရဲစခန်းဝင်စီးသတဲ့ဟေ့ဆိုပြီး လွှတ်ဆဲကြတော့တာပဲ။ အဲဒီအချိန်မှာ ပြည်သူ့ဆီကို မရောက်တဲ့ သတင်းကတော့ အစိုးရက အပစ်ရပ်ပါပြီလို့ ကြေငြာလိုက်ပေမယ့် ဖားကန့်မြို့နယ် ကေအိုင်အေတပ်ရင်း(၆)နယ်မြေ ကံစီး (Ginsi)၊ ဆိုင်းရာ (Seng Ra) ဒေသကို အစိုးရတပ်တွေ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာတဲ့ ကိစ္စပဲ။  ကြေငြာချက်ထဲမှာလည်း စကားလုံးတွေနဲ့ ဝေ့လည်ကြောင်ပတ် မျက်လှည့်ပြထားပုံကတော့ ကချင်ပြည်တစ်ခုလုံးမှာပဲ တစ်ဘက်သတ် အပစ်ရပ်လိုက်သလိုလို တကယ်တန်းကျတော့ ကြေငြာချက်ထဲ ထည့်ရေးထားတဲ့ လဂျားယန်မှာတောင် အပစ်ရပ်တာ မဟုတ် လဂျားယန်တင်မကဘူး ခယာတောင်ကုန်းကိုလည်း စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်နေတာပဲ...။

ဗမာတွေက မီဒီယာအားကောင်းတယ် လူဦးရေများတယ်၊ သတင်းပြန့်တာ မြန်တယ်၊ ကေအိုင်အေ တပ်ရင်း(၆) ကသာ ကာမိုင်းကို မျှားဦးလှည့်မပေးလိုက်ရင် ဖားကန့်၊ ကံစီး၊ ဆိုင်းရာဒေသခံ ပြည်သူတွေ ပြေးချိန်တောင် ရလိုက်မှာ မဟုတ်ဘူး ... အစိုးရတပ်စစ်ကြောင်းထိုးရင် ဒေသခံတွေ ဘာဖြစ်လဲ၊ ရွာတွေ ဘာဖြစ်လဲဆိုတာ ပြည်မသားတွေတော့ ဘယ်သိမလဲ။ ကြုံမှမကြုံဖူးပဲကိုး။ ဘယ်ကိုယ်ချင်းစာတတ်ပါ့မလဲ။  အခုတော့ ဖားကန့်ဒေသခံတွေ ရှောင်တိမ်းပြီးပါပြီ။ ဦးရဲထွဋ်ပြောသလို 'ခင်ဗျားကို လာထိုးတဲ့သူကို ပြန်မထိုးပဲနေမလား' ပေါ့ဗျာ။ ကျနော့ညီရဲ့ စကားလုံးငှားသုံးရရင်တော့ 'ကိုယ့်နယ်မြေထဲ ကျူးကျော်လာတဲ့သူကို ပြန်ခံမပစ်ပဲနေရအောင် ကျနော်တို့ ကချင်တွေ သီပေါမင်းနဲ့ ဘာမှမတော်ပါဘူး' ပေါ့။ ဒါကြောင့်ပဲ ဖားကန့်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါပြီ...။

ကချင်ဒေသကို ရောက်တောင်မရောက်ဖူးရုံမကပဲ ကချင်မိတ်ဆွေသူငယ်ချင်းလဲ မရှိ၊ ကချင်တွေရဲ့ ခံစားချက်ကိုလဲ နားမလည်၊ ပြည်ထောင်စုသမိုင်းကိုလည်း မကြေညက်ပဲနဲ့တော့ ကချင်ကို ဝေဖန်မစောပါနဲ့။ ကေအိုင်အိုကကော ဘာကောင်းတာလုပ်ခဲ့ဖူးလို့လဲ ဆိုတဲ့ မေးခွန်းမျိုးဟာ ခင်ဗျား ကချင်အကြောင်း ဘာမှမသိတာ ဒါမှမဟုတ် ဦးနှောက်အဆေးခံထားရတာကို ဖော်ပြနေတာပဲ။ ကျနော်တို့ သာမန်ကချင်တွေ ကေအိုင်အိုဘက်မှာ ရပ်တည်နေတာ ဦးနှောက်ရှိလို့ဗျ... အမှန်တရားကြောင့်ဗျ။ ကေအိုင်အိုသာ ကချင်လူထုကို သစ္စာဖောက်ကြည့်ပါလား... ဗမာစစ်တပ်ထက် အဆပေါင်းများစွာ ကျိန်ဆဲခံရလိမ့်မယ် ...။

Zaw Man Hpunggan
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers