နေ့စွဲ - ၂၈.၁၂.၂၀၁၂
ထိုရက်စွဲကို မှတ်တမ်းတင်
တသက်စာ မမေ့ဘူးထင်။
လိုင်ဇာမြို့သို့ ဂျက်နှင့်လာ
ကမ္ဘာ့အံ့ဖွယ်အဖြာဖြာ။
တိုက်လေယာဉ် ဂျက်နှစ်စင်း
ပျံဝဲလို့ ဗုံးကျဲလေခြင်း။
အခြားလေယာဉ် နှစ်စင်းဝဲ
ထောက်လှမ်းပေးဖို့ အသင့်ဘဲ။
ရက်စက်ရာမှာ နှစ်ယောက်မရှိ
သိက္ခာဆိုတာ ဘာမှန်းမသိ။
ကမ္ဘာကိုလည်း ဂရုမစိုက်
ရှက်ဖို့ပြောလည်း သူမကြိုက်။
လိုင်ဇာကိုပစ်တဲ့ အမြှောက်
အများဆုံး ကျပြီးမပေါက်။
ဤရက်စွဲမှာ တလုံးမကျန်
အလကားရတဲ့ အမြှောက်ဆံ။
နေ့စဉ်ပစ်တာလေးငါးဆယ်
နိမိတ်ကောင်းတဲ့ လိုင်ဇာမြေ။
အိမ်နီးချင်းကသူ့အဘ
လောဘကြီးတာ တရုတ်ကစ။
ရွှေလီမှာ နှစ်ဦးသဘော
ပြည်သူကို တိုက်ဖို့စိတ်စော။
လေယာဉ်ဖြတ်သန်းခွင့် သူပေး
ကချင်ကို ဝိုင်းတိုက်ကြတယ်လေး--------။
မနောမြေ-စိန်
တသက်စာ မမေ့ဘူးထင်။
လိုင်ဇာမြို့သို့ ဂျက်နှင့်လာ
ကမ္ဘာ့အံ့ဖွယ်အဖြာဖြာ။
တိုက်လေယာဉ် ဂျက်နှစ်စင်း
ပျံဝဲလို့ ဗုံးကျဲလေခြင်း။
အခြားလေယာဉ် နှစ်စင်းဝဲ
ထောက်လှမ်းပေးဖို့ အသင့်ဘဲ။
ရက်စက်ရာမှာ နှစ်ယောက်မရှိ
သိက္ခာဆိုတာ ဘာမှန်းမသိ။
ကမ္ဘာကိုလည်း ဂရုမစိုက်
ရှက်ဖို့ပြောလည်း သူမကြိုက်။
လိုင်ဇာကိုပစ်တဲ့ အမြှောက်
အများဆုံး ကျပြီးမပေါက်။
ဤရက်စွဲမှာ တလုံးမကျန်
အလကားရတဲ့ အမြှောက်ဆံ။
နေ့စဉ်ပစ်တာလေးငါးဆယ်
နိမိတ်ကောင်းတဲ့ လိုင်ဇာမြေ။
အိမ်နီးချင်းကသူ့အဘ
လောဘကြီးတာ တရုတ်ကစ။
ရွှေလီမှာ နှစ်ဦးသဘော
ပြည်သူကို တိုက်ဖို့စိတ်စော။
လေယာဉ်ဖြတ်သန်းခွင့် သူပေး
ကချင်ကို ဝိုင်းတိုက်ကြတယ်လေး--------။
မနောမြေ-စိန်
