မွန်းကြပ်နေတဲ့အရာတွေ မပြောလိုက်ရင် တစ်ခုခုထလုပ်မိမှာစိုးလို့
လက်ရှိကချင်ပြည်မှာစစ်ဖြစ်နေတာ မြစ်ကြီးနား ၊မန္တလေး၊ ပျဉ်းမနား နေပြည်တော်မှာမဟုတ်ဘူး။ဒေသခံကချင်တွေနေတဲ့တောင်ပေါ်ဒေသတွေပါ။ စစ်ပြေးဒုက္ခသည်တွေ ဗမာတွေမဟုတ်၊ ကချင်လူမျိုး ၉၉ % ပါ။ ဖျက်ဆီးခံလိုက်၇တဲ့ရွာတွေမှာ ဗမာရွာတွေမပါပါ။ ကချင်တွေနေတဲ့ ရွာတွေပါ။ ကချင်ခရစ်ယာန် ဘုရားကျောင်း (၁၀၀)ကျော် ပျက်စီး၊ ဖျက်ဆီးခံလိုက်ရချိန်မှာ၊ ဗုဒ္ဓစေတီတွေဘာမှမဖြစ် လေကြမ်းလေးတောင်တိုက်မခံရ။
ကချင်အမျိုသမီးတွေ အသက်( ၉-၅၀) နှစ်ကြား အယောက် ၁၀၀ ကျော် မုဒိန်းကျင့်ခံရပြီးချိန်၊ ဗမာမလေးတွေက ချောင်းထဲရေခပ်မပျက်ခဲ့။ ၁၇/၁ နဲ့အဖမ်းခံ၇တာ မြစ်ကြီးနားမှာ ၅၀၊ မိုးညှင်း ၁၀ ကျော၊် ဗန်းမော် ၁၅၊ မူဆယ် ၁၀ယောက် စုစုပေါင်း ၁၀၀ ခန့်၊ အားလုံးက ကချင်တွေပါ။ ဗမာတစ်ယောက်မှမပါ ။
ကဲ.. ဘယ်သူတွေကထိုးစစ်ဆင်ပြီး..ဘယ်သူတွေက ခုံခံကာကွယ်နေရတာလဲ၊ အစကတည်းက British တွေကတော့ ပြောသား၊ ဗမာတွေနဲ့တွဲပြီးလွတ်လပ်ရေးယူဘို့မလုပ်ကြပါနဲ့.. တဲ့၊ ဆိုတော့.. ရခိုင်ပြည်လို၊ မွန်ပြည်လို တိုက်ခိုက်သိမ်းပိုက်ယူပြီး ဗမာပြည်ထဲ ပါလာတာမဟုတ်.. လုံးဝ သီးသန့် သီးသန့်၊ ပင်လုံကတိကဝတ်ကြောင့်သာ ဗမာပြည်ထဲဝင်လာတာ..။
ကဲ ဘယ်သူတွေကသောင်းကျန်သူလဲ၊ အကြမ်းဖက်နေလဲ?????? အခုလည်းငြိမ်းချမ်းရေးစကားတွေ လျောက်လျောက်ပြောပြီး.ရဟတ်ယဉ်တွေနဲ့ထိုးစစ်ဆင်နေပြီ။ အားလုံးထွက်သွားကြ..ထွက်သွားကြ.. စစ်တပ်တွေရဲတွေ.. ကချင်ပြည်သူတွေကျွှေးတဲ့ ထမင်းစားပြီး ပြည်သူတွေကိုကာကွယ်ခြင်း၊ ရဲရဲဝံ့ဝံ့ရပ်တည်မှု မပေးနိင်တဲ့ အစိုးရဝန်ထမ်းတွေ အားလုံးထွက်သွား၊ ထွက်သွား၊ ထွက်သွား..သွား သွား သွား။
Maran Jaw Gun
ကျေးဇူးတင်ပါတယ်…
မှတ်ချက်။ ။ ဗမာ ဗမာလို့ပြောနေရခြင်းက စစ်တပ်နဲ့ အစိုးရထိပ်သီးပိုင်းမှာ ဗမာလူမျိုး အများစု ပါဝင်နေလို့ပါ။ ကချင်တွေဒီလိုဖြစ်နေလို ဗမာတွေကိုပြန်ခံစားစေပါဆိုတဲ့ အတွေးလေးတောင်မဝင်ပါ။ ကျွှန်တော်ယုံကြည်ကိုးကွယ်တဲ့ဘုရားကပြောထားတာကိုး.. သူများ(အချင်းချင်း)ကို ဘယ်တော့မှ မစီရင်နဲ့၊ ငါဘုရားစီရင်တော်မူမယ်.. တဲ့