နားလုံ နှင့် လဂျားယန်တွင် တိုက်ပွဲ ပြင်းထန်
ဒီဇင်ဘာ (၂၉) စနေ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော်လမ်း နားလုံ ကျေးရွားနှင့် လဂျားယန်ကျေးရွာကြားတွင် ကေအိုင်အေ အထူးတပ်ဖွဲ့ဝင်များနှင့် ဗမာအစိုးရ စစ်တပ် အင်အား (၄၀၀) ကျော်တို့ ဒီဇင်ဘာ (၂၈) ရက် ညနေပိုင်း (၅း၀၀) နာရီအချိန်မှ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ နှစ်ဘက် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း နှင့် ညနေ (၈း၄၅) နာရီ အချိန်ခန့်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ကြောင်း သိရှိရပါသည်။ တိုက်ပွဲသတင်း အသေးစိတ်ကို မသိရှိရသေးပါ။
