www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဗမာအစိုးရ တပ်စခန်း ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက် Tuesday, December 11, 2012

ဗမာအစိုးရ တပ်စခန်း ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်

ဒီဇင်ဘာ (၁၁) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၃၃) နယ်မြေဖြစ်သော ပန်ဝါဒေသ ကချင်ပြည်နှင့် တရုတ်ပြည် နယ်ခြားမှတ်တိုင် (၆) အနီး ဗမာအစိုးရ စစ်တပ် တပ်စွဲထားသော အူရားကောင် တပ်စခန်း ကို ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဒီဇင်ဘာ (၁၀) ရက် မနက် (၆း၃၀) နာရီခန့် အချိန်တွင် ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။ အူရားကောင်း ဗမာအစိုးရ စစ်တပ်ကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ရာ ကေအိုင်အေ မျိုးချစ်ရဲဘော် (၃) ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်သွားကြောင်း သတင်းရရှိပါသည်။ ဤ အူရားကောင်း စခန်းသည် လွန်ခဲ့သော သြဂုတ်လ (၁၄) ရက်နေ့တွင် ဗမာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး သိမ်းယူသွားသော ကေအိုင်အေတပ်စခန်း ဖြစ်ပြီး ဗမာအစိုးရ စစ်တပ်များဖြစ်သော ခလရ (၇၇)၊ ခလရ (၂၆၀)၊ ခလရ (၁၃) တို့ တပ်စွဲနေရာယူထားကြောင်း သိရှိရပါသည်။ ယခုအချိန်ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ဆက်လက်သိရှိရပါသည်။ တိုက်ပွဲတွင် ဗမာအစိုးရ စစ်သားအများ အပြား သေဆုံး၊ ဒဏ်ရာရရှိပြီး ဆုတ်ခွါ သွားကြောင်းနှင့် ဗမာအစိုးရ စစ်တပ်၏ လက်နက်၊ ရိက္ခာ အမြောက်အမြားကိုလည်း ကေအိုင်အေ မျိုးချစ်ရဲဘော်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

KIA (33) battalion patriotic soldiers succeed to U Ra Kawng post, it is near Kachin State and China boundary No. (6), at 6:30 AM on 10th December according to the KIA front-line officer report.  In that battle, (3) KIA patriotic soldiers gave their life for the Kachin fore father land. Actually, this U Ra Kawng post has been occupied by Burmese Government troops with firing heavy artillery weapons last 14th August from the KIA.  And, Burmese infantry unit (77), (260) and (13) settled in that post.  The battle is still going on until now and many Burmese soldiers were injured and died and left the post.  Thus, KIA has got a lot of Burmese Government soldiers’ weapons and rations from that battle.
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers