www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ရှားထိုက်တောင် ဗမာစစ်တပ်ကို ကေအိုင်အေမျိုးချစ်ရဲဘော်များ တိုက်ခိုက် သိမ်းပိုက် Monday, December 03, 2012

ရှားထိုက်တောင် ဗမာစစ်တပ်ကို ကေအိုင်အေမျိုးချစ်ရဲဘော်များ တိုက်ခိုက် သိမ်းပိုက်

ဒီဇင်ဘာ (၃) တနင်္လာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၁) လက်အောက် ပန်ဝါဒေသ ကချင်ပြည် နှင့် တရုတ်ပြည် နယ်ခြားမှတ်တိုင် (၅ နှင့် ၆) ကြား ချားထိုက်တောင် ဗမာအစိုးရ စစ်တပ်ကို ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဒီဇင်ဘာ (၂) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေမျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ကြား ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဗမာစစ်တပ်ကို ယခုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ အရေးကြီး စစ်ဗိုလ်တစ်ဦးကျဆုံးကြောင်း၊ ကျဆုံးသွားသွာ ဗမာစစ်ဗိုလ်၏ အလောင်းကို ဗမာအစိုးရမှ ရဟတ်ယဉ်ဖြင့် လာရောက်တင်ဆောင်သွားကြောင်းနှင့် တပ်သားအများအပြားလည်း ကျဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော် များဘက်မှလည်း ဒဏ်ရာရရှိသူရှိကြောင်း သိရှိရပါသည်။ ယခုအခါ ဗမာစစ်တပ်မှ လက်လွတ်လိုက်ရသော စစ်တပ်ကို ပြန်လည်ရရှိနိုင်ရန် စစ်အင်အား အလုံးအရင်းဖြင့် ပြန်လည် တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိကြောင်း သတင်းရရှိပါသည်။

KIA patriotic soldiers from (1st) Brigade succeed Cha Thaik Mountain western Kachin State, it is between boundary no (5) and (6) on 2nd December, according to the KIA front-line officer report.  Many Burmese soldiers, including an important captain were killed in that battle and carried him with army helicopter. After that, the Burmese troops reinforced in that area to take again and more battle were continuous.
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers