လိုင်ဇာသို့ တိုက်လေယာဉ်ဖြင့် ပစ်ခတ် တရုတ်နိုင်ငံသို့ ကျရောက်ပေါက်ကွဲ
ဒီဇင်ဘာ (၃၀) တနင်္ဂနွေ
ဒီဇင်ဘာ (၃၀) ရက်နေ့ ညနေပိုင်း (၅း၁၅) နာရီခန့်တွင် ကေအိုင်အို ဗဟိုဌာန ဖြစ်သော လိုင်ဇာမြို့ ပေါ်သို့ ဗမာအစိုးရ စစ်တိုက်လေယာဉ်မှ ဝေဟင်မှ မြေပြင်ပစ် ဒုံးလက်နက်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တိုက်လေယာဉ်မှ ပစ်လွှတ်လိုက်သော ဒုံးလက်နက်များသည် လိုင်ဇာမြို့ပေါ်သို့ ကျရောက်ခြင်းမရှိပဲ တရုတ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း နှင့် တရုတ်နိုင်ငံ၏ ကျွန်းသစ်ခင်း အတွင်းသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဆက်လက် သိရှိရပါသည်။Burmese Government military air force shot tow times of missile to the Laiza, KIO head quarter at 5:15 PM on 30th December according to KIA officer report. But it was hit to Laiza, but exploded at the China teak farm.
