ကျေးဇူးတင်လျက်
လိုင်ဇာအတွက် အထူးမြူးဇစ်
ဟိုင်းကိုင်တောင်က လှန်းလှန်းပစ်
ဒုံးဒုံးဒိုင်းဒိုင်း ဂျုံးဂျုံးဂျိုင်း
နေ့စဉ် ရက်ဆက် တရက်မဆိုင်း
နေ့စဉ် ဆုတောင်းခွန်အားယူ
သတိပေးနိုးဆော်ပေးသူ
မွေးနေ့တော်ပွဲ မနွှဲဖြစ်အောင်
မင်းအောင်လှိုင်က စစ်ခေါင်းဆောင်
ဒီအမြှောက်သံက ပျော်စရာ
ခွန်အားရဖွယ် သံစဉ်ပါ
အမြှောက်သံမကြား - မနေတတ်
ပျင်းသလို လန့်သလို ခရစ္စမတ်
အမြှောက်သံကြား - ဒို့နေပျော်
ဆုတောင်းပြီးတော့- အဖြေပေါ်။
ဘယ်သူချောက်ချောက်- ဒို့မကြောက်
မနာလိုတဲ့ သိန်းစိန်- တယောက်
မြောက်ဘက်ထိလေ - အနောက်နာလေ
လိုင်ဇာကမြောက် - အောက်အနောက်
ကျေးဇူးတင်တယ် ပြောရမယ်
တကယ်ကျေးဇူးတင်တယ်ကွယ်---။
မနောမြေ-စိန်
ဟိုင်းကိုင်တောင်က လှန်းလှန်းပစ်
ဒုံးဒုံးဒိုင်းဒိုင်း ဂျုံးဂျုံးဂျိုင်း
နေ့စဉ် ရက်ဆက် တရက်မဆိုင်း
နေ့စဉ် ဆုတောင်းခွန်အားယူ
သတိပေးနိုးဆော်ပေးသူ
မွေးနေ့တော်ပွဲ မနွှဲဖြစ်အောင်
မင်းအောင်လှိုင်က စစ်ခေါင်းဆောင်
ဒီအမြှောက်သံက ပျော်စရာ
ခွန်အားရဖွယ် သံစဉ်ပါ
အမြှောက်သံမကြား - မနေတတ်
ပျင်းသလို လန့်သလို ခရစ္စမတ်
အမြှောက်သံကြား - ဒို့နေပျော်
ဆုတောင်းပြီးတော့- အဖြေပေါ်။
ဘယ်သူချောက်ချောက်- ဒို့မကြောက်
မနာလိုတဲ့ သိန်းစိန်- တယောက်
မြောက်ဘက်ထိလေ - အနောက်နာလေ
လိုင်ဇာကမြောက် - အောက်အနောက်
ကျေးဇူးတင်တယ် ပြောရမယ်
တကယ်ကျေးဇူးတင်တယ်ကွယ်---။
မနောမြေ-စိန်
