ကေအိုင်အေ တပ်ရင်း (၁၅) နယ်မြေတွင် တိုက်ပွဲဖြစ်ပွား
နိုဝင်ဘာ (၉) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း တပ်မဟာ (၃) ဒေသ ကေအိုင်အေတပ်ရင်း (၁၅) နယ်မြေဖြစ်သော ဗန်းမော် - လိုင်ဇာလမ်း ကျခန့်ဒပ်အနီးတွင် နိုဝင်ဘာ (၈) ရက် မနက်ပိုင်း (၁၀း၀၀) နာရီအချိန်ခန့်တွင် ရှေ့တန်းသို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရစစ်တပ် ခမရ (၄၃၇) နှင့် ကေအိုင်အေ တပ်ရင်း (၁၅) မှ မျိုးချစ်ရဲဘော်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ (၂) ဦးသေဆုံးပြီး၊ (၇) ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်သိရှိရပါသည်။(2) Burmese soldiers died and (7) wounded in Ja Hkan Dap village, between Ba Maw and Lai Za road, which is under KIA (3rd) Brigade area, on 8th November according to KIA front-line officer report. There was a battle between KIA (15) battalion and Burmese light infantry unit (437) at 10:00 AM on that day, the Burmese Government invaded to KIA’s area, thus KIA troop opened fire to prevent their forefather land.
