ပုံပြင်မဟုတ် (၂)
ငါ့ကိုသူတို့ စစ်အင်္ကျီ ဝတ်ပေးကြတယ်။
ကျောက်ဖျာ ဆီဆွဲခေါ်ပြီး၊
ထိုင်စေကြတယ်၊ အစာမကျွေးကြဘူး။
ငါ့မှာလည်း တော်တော်နဲ့ကို မသေနိုင်ခဲ့ဘူး။
ငါ့မှာဘာ အမင်္ဂလာ ကျိန်စာတွေပါခဲ့လဲလို့၊
ဘုရားကိုတမ်းတရင်း - အသည်းတွေကွဲခဲ့ရတယ်။
နောက်ဆုံးတပါတ်လောက်ကြာမှ
ကယ်သူမရှိတဲ့ငါ့မှာ - စိတ်ဓါတ်တွေကျပြီး၊
ငါ့ဝိညာဉ်ဟာ - ပျော့ဖတ်နေတဲ့
ငါ့ခန္ဓာကိုယ်ထဲက ထွက်ခွာသွားတော့တယ်။
ငါ့ဝိညာဉ် လွင့်မျောပြီး၊
မုဘွမ်တခွင် မှသည် - ရွာဆီသို့
လွတ်လပ်ပေါ့ပါးစွာ ရောက်ခဲ့တယ်။
ဒါပေမယ့် - ရွာမှာလူမရှိတော့ဘူး။
ငါ့ယောင်္ကျား ငါ့သားနဲ့အဂူး၊
အရိပ်အယောင်တောင် ရှာမတွေ့ဘူး။
ငါ့ဝိညာဉ် နေရာအနှံ့ ပျံသန်းခဲ့တယ်။
ဘုရားကျောင်းကြီးတွေမှာ ဝတ်ပြုဆုတောင်းနေကြတယ်။
ဆွမ်လွတ်ရွယ်ဂျား လွတ်မြှောက်ဖို့တဲ့၊
အကြီးအကျယ်ဆုတောင်းနေကြတယ်၊
သနားဖို့ ကောင်းနေပြီ။
ဆွမ်းလွတ်ရွယ်ဂျား - ထာဝရငြိမ်းချမ်းသွားပြီ မသိရှာကြဘူး။
ငါကတော့ ငါ့မိသားစုကိုဆက်ရှာတယ်။
ဟော! တွေ့ပါပြီ။
ဒုက္ခသည် စခန်းနဲ့တူပါတယ်။
အဂူးနဲ့ ငါ့သား ယာယီတဲပြင်မှာ
ပွေ့ဖက်ပြီး ထိုင်ငေးနေကြတယ်။
နို့ဆာနေလား - သားလေးရယ်?
ချစ်မေမေ - ဝမ်းနည်းပါတယ်။
မနောမြေ - စိန်
ကျောက်ဖျာ ဆီဆွဲခေါ်ပြီး၊
ထိုင်စေကြတယ်၊ အစာမကျွေးကြဘူး။
ငါ့မှာလည်း တော်တော်နဲ့ကို မသေနိုင်ခဲ့ဘူး။
ငါ့မှာဘာ အမင်္ဂလာ ကျိန်စာတွေပါခဲ့လဲလို့၊
ဘုရားကိုတမ်းတရင်း - အသည်းတွေကွဲခဲ့ရတယ်။
နောက်ဆုံးတပါတ်လောက်ကြာမှ
ကယ်သူမရှိတဲ့ငါ့မှာ - စိတ်ဓါတ်တွေကျပြီး၊
ငါ့ဝိညာဉ်ဟာ - ပျော့ဖတ်နေတဲ့
ငါ့ခန္ဓာကိုယ်ထဲက ထွက်ခွာသွားတော့တယ်။
ငါ့ဝိညာဉ် လွင့်မျောပြီး၊
မုဘွမ်တခွင် မှသည် - ရွာဆီသို့
လွတ်လပ်ပေါ့ပါးစွာ ရောက်ခဲ့တယ်။
ဒါပေမယ့် - ရွာမှာလူမရှိတော့ဘူး။
ငါ့ယောင်္ကျား ငါ့သားနဲ့အဂူး၊
အရိပ်အယောင်တောင် ရှာမတွေ့ဘူး။
ငါ့ဝိညာဉ် နေရာအနှံ့ ပျံသန်းခဲ့တယ်။
ဘုရားကျောင်းကြီးတွေမှာ ဝတ်ပြုဆုတောင်းနေကြတယ်။
ဆွမ်လွတ်ရွယ်ဂျား လွတ်မြှောက်ဖို့တဲ့၊
အကြီးအကျယ်ဆုတောင်းနေကြတယ်၊
သနားဖို့ ကောင်းနေပြီ။
ဆွမ်းလွတ်ရွယ်ဂျား - ထာဝရငြိမ်းချမ်းသွားပြီ မသိရှာကြဘူး။
ငါကတော့ ငါ့မိသားစုကိုဆက်ရှာတယ်။
ဟော! တွေ့ပါပြီ။
ဒုက္ခသည် စခန်းနဲ့တူပါတယ်။
အဂူးနဲ့ ငါ့သား ယာယီတဲပြင်မှာ
ပွေ့ဖက်ပြီး ထိုင်ငေးနေကြတယ်။
နို့ဆာနေလား - သားလေးရယ်?
ချစ်မေမေ - ဝမ်းနည်းပါတယ်။
မနောမြေ - စိန်
