ဖားကန့်လမ်းတစ်လျှောက် တိုက်ပွဲပြင်းထန်
နိုဝင်ဘာ (၁၅) ကြာသာပတေး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော မိုးကောင်း - ဖားကန့်လမ်းတွင် ကေအိုင်အေ တပ်ရင်း (၆) မှမျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရစစ်တပ်တို့ကြား နိုဝင်ဘာ (၁၄) ရက်နေ့တွင် တိုက်ပွဲများပြင်းထန်စွား ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ မိုးကောင်း - ဖားကန့်လမ်း နန့်ဟိုင်၊ လဂတ်ယန်၊ ဂတ်မတက်နှင့် ဒိန်ကီး ကျေးရွားများ၌ ဗမာအစိုးရ၏ တပ်မ (၈၈) လက်အောက်ခံတပ်ရင်းများဖြစ်သော (၈၉)၊ (၃၈၁)၊ (၂၆၀) တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ မိုးကောင်း (၈) မိုင်လမ်းခွဲတွင် ဗမာအစိုးရ စစ်ကား (၃၅) စီးရောက်ရှိနေပြီး၊ ဖားကန့်ဘက်သို့ ထွက်ခွါရန်ဖြစ်ကြောင်း၊ ဖားကန့်ဘက်သို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်တပ်များကို ကေအိုင်အေမျိုးချစ်ရဲဘော်များ ဆီးကြိုတိုက်ခိုက်မှုကြောင့် ဗမာအစိုးရစစ်တပ်ဘက်မှ အကျအဆုံး များကြောင်းကိုလည်း သိရှိရပါသည်။There was a severe battle between KIA (6) battalion and Burmese light infantry unit (89), (381) and (260) from Burmese (88) division, in Nam Hai, Lagat Yang, Gat Ma Tet and Ding Ki villages, which in under KIA (2nd) Brigade area, western Kachin State, on 14th November according to the KIA front-line officer report. And there were (35) Burmese military Lorries car with full of soldiers and weapon arrived in Mo Gawng 8 Miles junction, these cars aimed to go to Hpa Kant area. On that event, KIA patriotic soldiers waited and opened fire to prevent them, and many Burmese soldiers died in that battle.
