www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ကေအိုင်အေတပ်ရင်း (၅) ဒေသတွင် တိုက်ပွဲဖြစ်ပွား Thursday, November 08, 2012

ကေအိုင်အေတပ်ရင်း (၅) ဒေသတွင် တိုက်ပွဲဖြစ်ပွား

နိုင်ဝင်ဘာ (၈) ကြာသာပတေး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၅) လက်အောက် ကေအိုင်အေ တပ်ရင်း (၅) ဒေသဖြစ်သော ၀၀မ်ကျေးရွာအနီးတွင် နိုဝင်ဘာ (၇) ရက် နေ့လည်ပိုင်း (၂း၀၀) နာရီ အချိန်ခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရစစ်တပ် ခလရ (၁၄၁) တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှာ (၇) ဦးသေဆုံးကြောင်း သတင်းရရှိပါသည်။
လွန်ခဲ့သော အပါတ်တွင်လည်း ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော ဖားကန့်ဒေသ တွင် ဗမာစစ်အစိုးရ စစ်တပ်အခြင်းခြင်း (၁၂၀မမ) လက်နက်ကြီးများဖြင့် မှားယွင်းပစ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ဤသို့အခြင်းခြင်းမှားယွင်းကြောင့် ဗမာစစ်သား အများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ သေဆုံး ဒဏ်ရာရရှိသော ဗမာအစိုးရ စစ်သားများကို မြစ်ကြီးနား ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ၄၊၅ ခါ သယ်ယူခဲ့ရကြောင်း သတင်းရရှိပါသည်။ ဤသို့ ဗမာအစိုးရ စစ်တပ် အချင်းချင်းမကြာခဏမှားယွင်း ပစ်ခတ်မှုဖြစ်ပွားရခြင်းမှာ ဗမာအစိုးရမှ ကချင်ပြည်နယ်အတွင်းသို့ စစ်အင်းအား အများအပြားပို့ဆောင်ထားခြင်းကြောင့်ဖြစ်ပြီး၊ တပ်ရင်းတစ်ရင်းနှင့် တစ်ရင်းမှတ်မိခြင်း မရှိသောကြောင့် မှားယွင်းပစ်ခတ်မှု မကြာခဏဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။


(7) Burmese soldiers killed in Wa Wang village, which is under KIA (5) battalion, KIA (5) Brigade area, on 7th November, according to the KIA front-line officer report. At 02:00 noon on that day, there was severely battle between Burmese Government light infantry unit (141) and KIA (5) battalion  in Wa Wang village.
Last week, there was wrong firing with 120 MM artillery weapon between the same Burmese Government troops. On that incident, many Burmese soldiers died and wounded. And the wounded soldiers were transferred 5 times with military helicopter. It is happened often because there are many Burmese government troops in the KIA’s area and they don’t recognize each other.
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers