ဗမာအစိုးရ စစ်ကား (၂) စီးဖောက်ခွဲဖျက်ဆီးခံရ
နိုဝင်ဘာ (၂၀) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော လိုင်ဇာ - ဗန်းမော်လမ်း၊ မြို့သစ်ကုန်းလော မှထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်ကား (၂) စီးကို နိုဝင်ဘာ (၁၉) ရက် နေ့လည်း (၁၂း၀၀) နာရီအချိန်ခန့်တွင် ကေအိုင်အေ တပ်ရင် (၂၅) မှ မျိုးချစ်ရဲဘော်များကနေပြီး ဖောက်ခွဲ ဖျက်ဆီး လိုက်ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်ဘက်မှ ကျဆုံး၊ ဒဏ်ရာရရှိမှု များပြားကြောင်းလည်း သိရှိရပါသည်။ ဗမာအစိုးရသည် မြန်မာပြည်သို့ အမေရိကန် သမ္မတ အိုဘားမား ရောက်ရှိနေချိန်တွင်လည်း ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေများသို့ စစ်အင်းအား အလုံးအရင်းပို့ဆောင်ကာ ထိုးစစ်ဆင်လျက် ရှိကြောင်း ဆက်လက်သိရှိရပါသည်။KIA’s (25) battalion exploded Burmese military (2) Lorries in Laiza and Ba Moh road, which is under KIA (5th) Brigade area at 12:00 noon on 19th November, according to the KIA front-line officer report. These military Lorries were came from Myo Thit Kung law, and carried full of Burmese soldiers. Many soldiers were died and injured in the explosion. While the USA president Mr. Obama arrived in Myanmar, the Burmese Government sent many troops to make offensive action to the KIA controlled area.
