ထူးချွန်ထက်မြက်သော အာဇာနည်
ဤပုံကို ကြည့်ကြစို့။ စစ်ပွဲ၌ထူးချွန်ပြီး၊ အားကျအတုယူဖွယ် အဖိုးတန်မျိုးချစ် KIA ရဲဘော် သတ္တိခဲလေး ဇင်ထုံးနော်အောင် ဖြစ်သည်။
လွန်ခဲ့သည့် ၂၀၁၁ ခု၊ နိုဝင်ဘာလ ၃ ရက်က ရှမ်းပြည် မုန်ဂူနယ်၊ မန်ဂျပ်ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲတခု၌၊ ရဲဘော်ဇင်ထုံးနော်အောင်သည် သူတဦးတည်း၊ ထိုးစစ်ဆင်လာသော အစိုးရ စစ်တပ်မှ ရန်သူများကို ခုခံတိုက်ခိုက်ခဲ့သည်။ ရန်သူမြောက်များစွာ သူ၏ ကျည်ဆံနှင့် သေပွဲ ဝင်ခဲ့ကြရသည်။ ရန်သူတို့သည် တအုပ်ပြီးတအုပ် ရှေ့ကိုတိုး၍တိုး၍ ချီတက်ကြသကဲ့သို့၊ ဇင်ထုံးနော်အောင်သည်လည်း ခံစစ်၌ တဦးတည်း အင်တိုက်အားတိုက် ခုခံတိုက်ခိုက်လျက်ရှိနေစဉ်၊ သူ၏ကျည်ဆံများ ကုန်သွားခဲ့သည်။
ရန်သူတို့သည် အုပ်လိုက် ဆက်လက်ချီတက်လာနေသော အခါ၊ ရက်စက်ယုတ်မာ သော ရန်သူ၏ လက်ချက်နှင့် ညှင်းပန်းနှိပ်စက် ခြင်းဖြင့် အသေမခံလိုသော သူရဲကောင်း မျိုးချစ် KIA ရဲဘော်လေး ဇင်ထုံးနော်အောင်သည်၊ တထောင့်တည်းကျန်ရှိသော ကျည်ဆံဖြင့် မိမိကိုယ်ကို အဆုံးစီရင် လိုက်လေသည်။ ဤအမှုအရာသည်၊ “အောင်နိုင်ခြင်း” နှင့် ကချင်လူမျိုး တို့၏ ရဲစွမ်းသတ္တိကို ဖော်ပြလိုက်ခြင်းဖြစ်သည်။
ရန်သူတို့သည် တဖက်မှ သေနတ်သံတိတ်သွားပြီ ဖြစ်၍ အလွယ်တကူ ချီတက်လာကြသော အခါ၊ သူတို့ကို ခုခံတိုက်ခိုက်နေသူမှာ တဦးတည်းဖြစ်၍၊ ကျည်ဆံကုန်သွားသောကြောင့် မိမိကိုယ်ကို သတ္တိရှိရှိ တထောင့်တည်း ကျန်ရှိသော ကျည်ဆံနှင့် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ ဖြစ်ကြရလေသည်။
မူစယ် ဆေးရုံသို့ ရောက်ရှိလာကြသော ထိုတိုက်ပွဲမှ ဒဏ်ရာရ အစိုးရ တပ်မတော် သားတို့ အချင်းချင်း ပြောစမှတ်ပြုကြသည်မှာ၊ “ဒီကောင်၊ ကျည်ဆံသာ မကုန်လို့ကတော့ငါတို့ ဘယ်လောက်တောင်သေကြ အုံးမလဲ မသိဘူး” ဟူ၍ ဖြစ်သည်။
ဇင်ထုံးနော်အောင်သည်၊ ရှမ်းပြည်၊ မုန်ဂူနယ်၊ ဂေါ်န်ဆမ်ကျေးရွာမှ ဖခင်ဆလန် ဇင်ထုံးလဂေါင် နှင့် မိခင် မိတုံ ခေါန်ရှောင်တို့၏ ဒုတိယမြောက်သား ဖြစ်သည်။ သူ၏ ဖွားရက်မှာ ၁၉၈၈ ဒီဇင်ဘာလ ၂၁ ဖြစ်၍၊ သူအသေခံ စဉ်က ၂၃ နှစ်ပင်မပြည့်သေးကြောင်းသိရသည်။
ဤပြည်တွင်းစစ်ကာလ အတွင်း၊ KIA ရဲဘော်ဇင်ထုံးနော်အောင် ကဲ့သို့ပြတ်သား သော ရဲစွမ်းသတ္တိနှင့် ပည့်စုံသည့် ကျွန်ုပ်တို့၏ အာဇာနည် သူရဲကောင်းများကို၊ မော်ကွန်းဝင် စာရင်းသွင်း၍ နောင်လာမည့် မျိုးဆက်သစ်များအတွက် အားကျဖွယ် မှတ်တမ်းတင် ဂုဏ်ပြုအပ်လှပေသည်။
မနောမြေ - စိန်

